အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၁ အောက်တိုဘာ ၂၀၂၃

၀၅:၀၂:၁၁
1406890

အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ်

အစ္စရေး သံအမတ်ကို ဘာရိန်းမှ နှင်ထုတ် ရမည်

အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ် အနေဖြင့် ဘာရိန်း နိုင်ငံ နှင့် နယ်ချဲ့ အစ္စရေး၏ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးကို ပယ်ချရမည် ဖြစ်ကြောင်း နယ်ချဲ့ အစ္စရေး ၏ သံအမတ်ကြီးကို ဘာရိန်းနိုင်ငံ ကနေ နှင်ထုတ်ရမည် ဖြစ်ကြောင်း ဤအချက်မှာဘာရိန်း အစ္စလာမ်မစ် တော်လှန်ရေး သမားများ ၏ တောင်းဆိုချက်များ မှ အဓိက အာရုံစိုက်ရမည့် အချက် တစ်ခု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency သတင်း အထောက်အထား များ အရ ဘာရိန်းအစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ ၏ အကြီးအကဲ အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ်  မှ ဘာရိန်းပြည်သူတွေဟာ ဇီယွန်ဝါဒီ ရန်သူနဲ့ သံတမန် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးကို ဘယ်တော့မှ လက်ခံမှာ မဟုတ် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အစ္စလာမ်ကိုဆန့်ကျင်တဲ့ ပူးပေါင်းကြံစည်မှုတွေအတွက် ဖန်တီးထားသည့်  အကျင့်ပျက်ပြီး တရားမဝင်သည့် စစ်သွေးကြွနယ်ချဲ့  ဇီယွန်ဝါဒီအစိုးရကို အသိအမှတ်ပြုခြင်းဟာ  ဘာရိန်းလူမျိုး အား သစ္စာဖောက်မှုဖြစ်ပြီး ဤ ကိစ္စ အတွက် မိမိတို့ အနေဖြင့် နှုတ်ဆိတ်နေမှာ မဟုတ် ကြောင်း အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ်  မှ မိန့်ကြားခဲ့ပါတယ်။

X Social Network တွင်  အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ်  မှ မိမိ၏ တရားဝင်အကောင့်တွင် ဤ ပြဿနာနှစ်ရပ် (အစ္စရေးနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် ငြင်းဆိုခြင်းနှင့် ဘာရိန်းအစိုးရ၏ သံအမတ်ကို ဘာရိန်း မှ နှင်ထုတ်ခြင်း) သည် တောင်းဆိုချက်များ၏  အဓိက အချက်များ ဖြစ်ကြောင်း အလေးပေး ရေးသား ထားပါ တယ်။

အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ်  မှ  ဆက်လက်ပြီး ဇီယွန်ဝါဒီ အစိုးရဟာ ပါလက်စတိုင်းတွေကို ရွှေ့ပြောင်းပြီး လူမျိုးတုံး သတ်ဖြတ် သုတ်သင်ဖို့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကို စတင်ခဲ့ကြောင်း ဇီယွန်တွေ ဟာ ပါလက်စတိုင်းကို လုံးဝ အပျောက် လုပ်ချင်နေကြပြီး  ဤအတွက် မိမိတို့ လက်နက်တွေ ဝယ်နိုင်ဖို့ အနိုင်ယူဖို့ စစ်ပွဲတွင်  ပျက်စီးသွားသည့်  မိမိတို့ ၏စီးပွားရေးကို ပြန်လည်တည်ဆောက်ဖို့ ငွေအမြောက်အမြား လိုအပ်နေပြီး ဖြစ်ကြောင်း ထိုမှသာ ၎င်းတို့ သည် လုံခြုံ ကြမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ် အနေဖြင့် အစ္စရေးနှင့် ဆက်ဆံရေးဆိုင်ရာ ဘာရိန်းဘဏ္ဍာရေးဝန်ကြီး၏ ရပ်တည်မှုကို ရှုတ်ချကြောင်း နိုင်ငံ တော် ၏ စီးပွားရေး ကောင်း အောင်ဆိုသည့် အကြောင်း ပြချက်ကို ပြ ပြီး ဇီယွန်ဝါဒီများနှင့် စီးပွားရေးဆက်ဆံမှု ပုံမှန်ပြန်ဖြစ် အောင် ပြုလုပ်နေသည့် ဘာရိန်းဘဏ္ဍာရေးဝန်ကြီး၏ လုပ်ဆောင် ချက်ကို လက်မခံ နိုင်ကြောင်း ရှုတ်ချ ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251