အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁ နိုဝင်ဘာ ၂၀၂၃

၀၉:၄၃:၀၆
1407391

စစ်သွေးကြွ နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး ၏ ကာကွယ်ရေး ဝန် ကြီး မှ စစ်ပွဲမှာ ကျွန်ုပ် တို့ ၏ ဆုံးရှုံးမှုတွေက တအား များတယ် ဟု ပြောကြား

စစ်သွေးကြွ နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး ၏ ကာကွယ်ရေး ဝန် ကြီး ယိုအာ့ဗ် ဂဲလင်န့် (Yoav Gallant) မှ ဂါဇာစစ်ပွဲတွင် ၎င်း၏ တပ်ဖွဲ့ဝင်များသည် ကြီးမားစွာ ဆုံးရှုံး မှု ရင်ဆိုင် ခဲ့ရကြောင်း ဝန်ခံ ပြောကြား လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါလက်စတိုင်းပြန်ကြားရေးစင်တာမှ ကိုးကား၍ မဲဟ်ရ် နယူးစ် သတင်းဌာ န  ၏အဆိုအရ အစ္စရေး ဇီယွန်ဝါဒီ အစိုးရ၏ ကာကွယ်ရေး ဝန် ကြီး ယိုအာ့ဗ် ဂဲလင်န့် (Yoav Gallant)  မှ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိမိတို့ တပ်များသည် အသေအပျောက်အမြောက်အမြား ရှိနေကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဂါဇာနယ်စပ်ရှိ မိမိ တပ်ဖွဲ့များသည်  ကြီးမားစွာ ဆုံးရှုံးမှုကို ရင်ဆိုင်နေရပြီး စစ်ပွဲ ၏ ကုန်ကျ စရိတ် သည်  ယနေ့ကျွန်ုပ်တို့ အတွက် အလွန်လေးလံသည့် စရိတ် ဖြစ်နေကြောင်း အစ္စရေး  ၏ ကာကွယ်ရေး ဝန် ကြီး ယိုအာ့ဗ် ဂဲလင်န့် (Yoav Gallant)  မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

စစ်သွေးကြွ နယ်ချဲ့  ဇီယွန်ဝါဒီ စစ်တပ် ရေဒီယို ကလည်း ဂါဇာ စစ်ပွဲ ကြောင့် မိမိတို့၏ တပ်သား များ ၏ အသေအပျောက် မှာ များ စွာ  ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ဘနွန်နှင့် ပါလက်စတိုင်း နယ်စပ်ရှိ  အစ္စရေး သိမ်းပိုက်ထားသည့် နေရာများ တွင် မိမိ တို့၏ တိုက်ခိုက် မှုကြောင့်  အစ္စရေးစစ်သား ၁၂၀ သေဆုံး ဒဏ်ရာရရှိကာ တင့်ကား ၉ စီး ပျက်စီးခဲ့ပြီး မောင်းသူမဲ့ လေယာဉ်တစ်စင်း ကို ပစ်ချ နိုင်ခဲ့ကြောင်း ဟစ်ဘွလ္လာဟ်  မှ ထုတ်ပြန် ‌ ကြေညာခဲ့ပါတယ်။ 

တစ်ဖက်တွင် လည်း ဟားမတ်စ် များ ၏ အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး က ဆက်လက် ရှိနေတုန်း ဖြစ်ပါ တယ်။ နယ်စပ်ဒေသများရှိ  အစ္စရေး ဇီယွန်စစ်တပ်မှ စစ်သားများကို ဂရု တစိုက်ကြည့်ရှု ပြီး နောက်အလ်ခဇာန် တောင် အနီး တွင် ဟစ်ဘွလ္လာဟ် ခုခံတိုက်ခိုက်သူများသည် ဇီယွန်စစ်တပ်၏ ခြုံခို တိုက်ခိုက် ခြင်း ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဟစ်ဘွလ္လဟ် အဖွဲ့မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဟစ်ဘွလ္လာဟ် အဖွဲ့  ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်  ရှဟီးဒ် ဟိုစိုင်းန် မန်ဇူရ် ၏ ယူနစ်သည် ပဲ့ထိန်းဒုံးကျည်များအသုံးပြု၍ ချုံခိုတိုက်ခိုက်ခြင်းကို ပစ်မှတ်ထားတိုက်ခဲ့ကြောင်း  အဆိုပါဒုံးကျည်များ၏ တိကျသောအကျိုးသက်ရောက်မှုကြောင့် ခြုံခိုတိုက်ခိုက်ခံရသော အစိတ်အပိုင်းများအားလုံး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အစ္စရေး ဇီယွန်စစ်အစိုးရ၏ 12th TV ချန်နယ်မှ စစ်တပ်သတင်းထောက် Nir Defouri မှ  ဂါဇာတွင် စစ်တပ်၏ မြေပြင်တိုက်ခိုက်မှုသည်  အဘက်ဘက်အရ ပြင်းထန်ပြီး အရူးအမူး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကြေညာ ခဲ့ပါ တယ်။

တစ်ဖက်တွင်မူ ဇီယွန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက “ဂါဖ်အာသီ” အထူးတပ်ဖွဲ့မှ ဇီယွန်ဝါဒီအရာရှိ ၂ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ ခုခံတိုက်ခိုက်ရေးသမားများနှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် ဖြစ်ခဲ့ကြောင်း ဝန်ခံ ကြေညာ ခဲ့ပါတယ်။

ထို့အပြင် ပါလက်စတိုင်း မျိုးချစ် ခုခံတိုက်ခိုက်ရေးသမားများသည် ဂါဇာကမ်းမြောင်ဒေသကို ထိုး ဖောက်ဝင်ရောက်လာ သည့် နယ်ချဲ့ အစ္စရေး ဇီယွန် စစ်တပ် နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်နေကြောင်း သိရှိ ရပါတယ်။

အလ်ကစာမ် (ပါလက်စတိုင်းအစ္စလာမ္မစ်တော်လှန်ရေး ဟားမတ်စ်အဖွဲ့၏ စစ်ဘက်ဌာနခွဲ) မှ မျိုးချစ် ခုခံတိုက်ခိုက်ရေးသမားများသည် Al-Wasati ပြည်နယ်အရှေ့ဘက်ရှိ Jahr al-Diq ဧရိယာတွင် ဂါဇာကမ်းမြောင်သို့ ဝင်ရောက်လာသော ဇီယွန်စစ်အစိုးရ၏ စစ်စက်များကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ပါလက်စတိုင်း မျိုးချစ် ခုခံတိုက်ခိုက်ရေးသမားများသည် ဤဧရိယာရှိ ယာစင်းန် ၁၀၅ အမည်ရှိ မော်တာများဖြင့် ကျူးကျော်သူ အစ္စရေး ၏လက်နက် ၄  ခုကို ပစ်မှတ်ထားနိုင်ခဲ့ကြောင်း အလ်ကစာမ် မှပြောကြားခဲ့ပါတယ်။

****************************************************************

END / 251