အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁ နိုဝင်ဘာ ၂၀၂၃

၀၉:၅၂:၁၆
1407398

ယီမင် စစ်ဘက် ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ မှ ယီမင် နိုင်ငံ ၏ အန်ဆွာရိုလ္လာဟ် သည် စစ်ပွဲ တွင် ဝင်လာပြီး ဖြစ်ကြောင်း ပြောကြား

သိမ်းပိုက်ခံ ထားရသည့် ပါလက်စတိုင်း ရှိ စစ်သွေးကြွ နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး များ ၏ တပ်ကို ယီမင် လက်နက်ကိုင်တပ်ဖွဲ့ အန်ဆွာရိုလ္လာဟ် မှ ပစ်မှတ်ထားပြီး စစ်ဆင်ရေး တတိယအဆင့်ဖြင့် ဝင်ရောက် လာပြီး ဖြစ်ကြောင်း အန်ဆွာရိုလ္လာဟ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အလ်မစီရဟ် ၏ ကိုးကားချက်အရ  ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ယဟ်ယာ စရီးအ် မှ သိမ်းပိုက်ခံ ထားရ သည့် ပါလက်စတိုင်း ရှိ စစ်သွေးကြွ နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး များ ၏ တပ်ကို  ယီမင် လက်နက်ကိုင် တပ်ဖွဲ့ အန်ဆွာရိုလ္လာဟ် မှ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြောင်း ဤသို့နည်း ဖြင့် အန်ဆွာရိုလ္လာဟ် ဇီယွန်ဝါဒီစစ်တပ်နှင့် စစ်တိုက် ရန်  လက်တွေ့ကျကျ ဝင်ရောက်လာပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နှင့် အစ္စရေးတို့၏ လူမဆန်သည့် ရက်စက် ကြမ်းကြုတ်သည့်  တိုက်ခိုက်မှုများကို ရင်ဆိုင် ရန် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးစားခြင်းဖြင့် ဂါဇာရှိ အဖိနှိပ်ခံပြည်သူများအား ခုခံကာကွယ်ရန် ဤ စစ် နယ်ပယ်ထဲသို့ ဝင်ရောက်လာသည် ဖြစ် ကြောင်း ဗိုလ်ချုပ် ယဟ်ယာ စရီးအ် မှ အလေးအနက်ထား ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး သိမ်းပိုက်ထားသော ပါလက်စတိုင်းရှိ အစ္စရေး ဇီယွန်ဝါဒီ တပ် ကို ပဲ့ထိန်းဒုံးကျည်များ နှင့် ဒရုန်းအများအပြားကို ပစ်ခတ်ခဲ့ကြောင်း ဂါဇာရှိ ဇီယွန်ဝါဒီများ၏  လူမဆန် ၊ ရက်စက်ကြမ်းကြုတ်မှု ၏ သားကောင်များဖြစ်ကြသည့် အဖိနှိပ်ခံ ပါလက်စတိုင်းများဘက် မှ ရပ်တည် ကြောင်း ဖော်ပြရန်အတွက် အဆိုပါ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ် ယဟ်ယာ စရီးအ် မှ အစ္စရေး ဇီယွန်ဝါဒီများ ၏ တိုက်ခိုက်မှုတွေ ရပ်တန့် သွား ခြင်း မရှိမခြင်း မိမိတို့ မှ လည်း တိုက်ခိုက်နေမည် ဖြစ်ကြောင်း ပဲ့ထိန်းဒုံးကျည်များ နှင့် ဒရုန်းများ ဖြင့် ဆက်လက် ပစ်မှတ် ထား တိုက်ခိုက် နေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းတို့အပေါ် ကျွန်ုပ်တို့၏ရပ်တည်မှုသည် အခြေခံကျပြီး ပါလက်စတိုင်းလူမျိုးများသည် မိမိတို့ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း ဒေသတွင်း လုံခြုံရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက် နေသည့် အရာမှာ ဂါဇာတွင် သိမ်းပိုက်ထားသော ဇီယွန်ဝါဒီများ၏ ကျူးကျော်မှုနှင့် လူမျိုးတုံး သတ်ဖြတ် မှုဖြစ်ကြောင်း ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ယဟ်ယာ စရီးအ် မှ ပြောကြားခဲ့ ပါတယ်။

****************************************************************

END / 251