အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂ နိုဝင်ဘာ ၂၀၂၃

၂၀:၂၇:၅၁
1407908

ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့သည် စစ်သွေးကြွ နယ်ချဲ့ အစ္စရေးကို ၏ နောက်ထပ် စစ်အခြေစိုက်စခန်းနှစ်ခုကို တိုက်ခိုက်

လက်ဘနွန်၏ အစ္စလာမ်မစ် ခုခံရေး လှုပ်ရှားမှု ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့ မှ မိုဂျာဟစ်ဒီးနသည် နောက်ထပ် အစ္စရေး စစ်အခြေစိုက် စခန်း နှစ်ခုကို ပစ်မှတ် ထားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်အဟဒ် ၏ အစီရင်ခံစာအရ ဗုဒ္ဓဟူးနေ့တွင် ဟစ်ဇ်ဘွလ္လာဟ် လက်ဘနွန် တိုက်ခိုက်ရေးသမားများသည် လက်ဘနွန်နယ်စပ်အနီး နယ်ချဲ့ စစ်သွေးကြွ အစ္စရေး၏ မတူညီသော နယ်မြေနှစ်ခုတွင် တည်ရှိသော ဇီယွန်စစ်အခြေစိုက်စခန်းနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

အစီရင်ခံစာအရ ဟစ်ဘွလ္လာဟ် တိုက်ခိုက်ရေးသမားများသည် သိမ်းပိုက်ထားသော အစ္စရေး၏ စိုက်ပျိုးရေး တပ်မဟာ၏ ဌာနချုပ်ကိုလည်း တိုက်ခိုက်ခဲ့ပြီး နယ်ချဲ့ စစ်သွေးကြွ အစ္စရေး စစ်သားများစွာ ရှိနေကြောင်း သိရပါတယ်။ ဒီဌာနချုပ်ကို ဒုံးကျည်တွေနဲ့ မော်တာကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး  စစ်သားအများအပြား သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

စစ်သွေးကြွ နယ်ချဲ့ အစ္စရေး စစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်စတင်ချိန်မှစ၍ စစ်သွေးကြွ နယ်ချဲ့ အစ္စရေးနှင့်ကပ်လျက် လက်ဘနွန် နယ်စပ်ဒေသ   များတွင် ဟစ်ဇ်ဘွလ္လာဟ် နှင့် စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်နစ် အစိုးရတပ်များအပါအဝင် တော်လှန်ရေးအဖွဲ့များအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဖြစ်ပါတယ်။

ကမ္ဘာ မွတ်စလင်မ်နိုင်ငံ ခေါင်းဆောင် များ သည် ဟားမတ်စ် ၊ ဟစ်ဇ်ဘွလ္လာဟ် ၊ ယီမင် အန်ဆွာရိုလ္လာဟ် တို့အား အတုယူ ပြီး မိမိကိုယ့်ကို မိမိ နောင်တ ရ သောင်ဗဟ်ပြု၍ ပြုပြင်သင့်ပါပြီး ။

****************************************************************

END / 251