အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၄ နိုဝင်ဘာ ၂၀၂၃

၁၀:၂၄:၁၇
1408261

စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုး ရကို အမေရိကန်က ဒေါ်လာ ဘီလီယံနဲ့ ချီပြီး အကူ အညီပေး

စစ်သွေးကြွ နယ်ချဲ့ ကျူးကျော် အစ္စရေး ဇီယွန်ဝါဒီအစိုးရအတွက် ဤအကူအညီအစီအစဥ်အား ရီပတ်ဘလီကန် အဖွဲ့ဝင်များ၏ ထောက်ခံမှုဖြင့် အောက်လွှတ်တော်တွင် တင်ပြခဲ့ပြီး ကန့်ကွက်မဲ ၁၉၆ မဲ၊ ၂၂၆ အတည် မဲဖြင့် အတည်ပြုခဲ့ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar news သတင်း ဌာန ၏ သတင်း အထောက်အထား များ အရ မိုက်ဂျွန်ဆင်သည် အမေရိကန် အောက်လွတ် တော်ဥက္ကဋ္ဌ ဖြစ်လာပြီးကတည်းက နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရအတွက် အရေးကြီးဆုံး အကူအညီများ ပေးရေး အစီအစဉ်များ ဖြစ်လာခြင်း ဖြစ်ပါတယ်

နယ်ချဲ့ ဇီယွန်အစိုးရ ၊ ထိုင်ဝမ်နဲ့ ယူကရိန်းတို့အတွက် အကူအညီ ဒေါ်လာ ၁၆၀ ဘီလီယံ အကူအညီပေးဖို့ အမေရိကန် သမ္မတ ဘိုင်ဒန်က ကွန်ဂရက်ကို တောင်းဆိုထားပေမယ့် ရီပတ်ဘလီကန်တွေက နယ်ချဲ့ ဇီယွန်အစိုးရအတွက် အကူအညီပေးမယ့် အစီအစဉ်ကို ထိုင်ဝမ်နဲ့ ယူကရိန်းအတွက် ထောက်ပံ့ ရေးဘတ်ဂျက် ကနေ ဖြတ်တောက်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါမှ တတ်နိုင်သမျှ မြန်မြန် နယ်ချဲ့ ဇီယွန်အစိုးရ ထံ အကူအညီ ရောက်ရန် ဖြစ်ပါတယ်။

နယ်ချဲ့ ကျူးကျော် အစ္စရေး ဇီယွန်ဝါဒီအစိုးရအတွက် ဤအကူအညီအစီအစဥ်တွင် စစ်ဘက် နှင့် စစ်ပွဲဆိုင်ရာ အရင်းအမြစ်များမှ ဒေါ်လာဘီလီယံပေါင်းများစွာ ပါဝင်ကြောင်း သိရှိရပါတယ်။

အမေရိကန် ပြည်ထောင်စု ၏ ဒီမိုကရက်တစ် နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ခုလုံး၏ အဖွဲ့ဝင်များ၏ ပံ့ပိုးမှုဖြင့် ကွန်ဂရက်လွတ်တော်သည် ဇီယွန်နစ်အစိုးရအား စစ်ရေးနှင့် လုံခြုံရေးအကူအညီများ ပေးအပ်ရန် အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ဘတ်ဂျက်စီမံခန့်ခွဲမှုရုံးမှ ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

ဤနေရာတွင် သတိအထူး ပြုစရာ တစ်ရပ်မှာ အမေရိကန် အနေဖြင့်  စစ်သွေးကြွ နယ်ချဲ့ အစ္စရေး အစား အခြား နိုင်ငံများ ဖြစ်နေမည် ဆိုလျှင် ဤမျှ ကြီးမား သည့် ထောက်ပံ့မှု ကူညီမှုကို ပေးမည် မဟုတ်ကြောင်း အကြောင်း မှာ အမေရိကန် သည့် နယ်ချဲ့ အစ္စရေး ရှိမှသာ အဆင်ပြေမှာ ဖြစ်ပြီး နယ်ချဲ့ အစ္စရေး သည် အီရန်ရန်သူ၊အစ္စလာမ့်ရန်သူ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ အခြားအချက်များလည်း  ရှိနိုင်ပါတယ်။

****************************************************************

END / 251