အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၅ နိုဝင်ဘာ ၂၀၂၃

၁၉:၂၆:၂၃
1408880

ဟားမတ်စ် ၏ နိုင်ငံရေးရုံး အကြီးအကဲ ရဲဟ်ဗရ်အင်န် ကေလာဗ် အစ္စလာမ်မီ နှင့်တွေ့ဆုံ

ဟားမတ်စ်၏ နိုင်ငံရေးရုံး အကြီးအကဲ အီစ္စမာအီးလ် ဟနီယဟ် နှင့် ကိုယ်စားလှယ်အဖွဲ့ သည် ရဲဟ်ဗရ်အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆု့ ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ABNA သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ဟားမတ်စ်၏ နိုင်ငံရေးရုံး အကြီးအကဲ အီစ္စမာအီးလ် ဟနီယဟ် နှင့် ကိုယ်စားလှယ်အဖွဲ့ သည် ရဲဟ်ဗရ်အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆု့ ခဲ့ကြပြီး အ‌ရေးစကား များ ပြောဆို ခဲ့ကြပါတယ်၊။

ဒီတွေ့ဆုံ မှု တွင်  ဟားမတ်စ် ရဲ့ နိုင်ငံရေးရုံး အကြီးအကဲ အီစ္စမာအီးလ် ဟနီယဟ် က ဂါဇာကမ်းမြောင်ဒေသ၏ နောက်ဆုံးဖြစ် ပေါ်နေသည့် အခြေအနေများ ဂါဇာမှာ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ လူမဆန်သည့် ရာဇ၀တ်မှုများ  နှင့် အနောက်ဘက်ကမ်း ၏ ဖြစ်ပေါ်တိုးနေသည့် အခြေအနေများ နှင့် ပတ်သက်ပြီး အစီရင်ခံ စာတစ်စောင် အား ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ အား ပေးအပ်ခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် ဇာကမ်းမြောင်ဒေသခံများရဲ့ စိတ်ရှည်သည်းခံမှု များ အတွက်  ကျေးဇူးတင်ကြောင်းနှင့် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ ရာဇဝတ်များ ကိုခံနေရသည့် ပါလက်စတိုင်း ပြည်သူများ အတွက် အလွန် ဝမ်းနည်း ကြေကွဲရကြောင်း စစ်သွေးကြွ နယ်ချဲ့ အစ္စရေးသည် အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏ တိုက်ရိုက်ပံ့ပိုး ကူညီမှုဖြင့် ရာဇဝတ်များ ဆက်တိုက် ကျူးလွန်  နေကြောင်း နယ်ချဲ့ အစ္စရေး ဇီယွန် ဝါဒီ များ ကို တော်လှန် ကာကွယ်နေကြ သည့် ပါလက်စတိုင်း တော်လှန်ရေးတပ်ဖွဲ့အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အမြဲတမ်းမူဝါဒ အရ ပါလက် စတိုင်း သားများဘက်မှ ရပ်တည်နေကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် အစ္စလာမ်မစ် နိုင်ငံများနှင့် နိုင်ငံ တကာအဖွဲ့အစည်းများသည် ပါလက်စတိုင်းများ အတွက် အမှန်တကယ် လှုပ်ရှား  အရေးယူ ဆောင်ရွက်မှုများပြု လုပ်ကြ ရန်   နှင့် ဂါဇာရှိ ပြည်သူများ အတွက် အစ္စလာမ်မစ် အစိုးရများကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ကျကျ ပံ့ပိုးကူညီပေးကြရန် ရန် လိုအပ်ကြောင်းလည်း အလေး  ပေးမိန့်  ကြားခဲ့ပါတယ်။

 

****************************************************************

END / 251