အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ နိုဝင်ဘာ ၂၀၂၃

၂၁:၂၃:၅၃
1409807

အောက်တိုဘာလ ၇ ရက်နေ့ သည် အစ္စရေး ဇီယွန်ဝါဒီ များ အတွက် ကပ်ဘေးကျသည့် နေ့ ဖြစ်ပါတယ် / ဇီယွန်ဝါဒီ သုံးသပ်သူ

ဂါဇာကမ်းမြောင်ဒေသတွင် အနီးနားရှိ အခြေချနေထိုင်သူများကို လုံခြုံရေးပေးမည့် တဲလ်အဗစ် (တဲလ်လဝန်း) ၏ ကတိကဝတ်မှာ အချည်းနှီးဖြစ်ကြောင်း ဇီယွန်ဝါဒီ စစ်ဘက်လေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပြီး အောက်တိုဘာ ၇ ရက်သည် ဇီယွန်ဝါဒီများအတွက် ကပ်ဘေးကျ သည့် နေ့ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။


Maher သတင်းအေဂျင်စီက ပါလက်စတိုင်း Sama သတင်းဌာနကို ကိုးကားပြီး အစ္စရေးသတင်းစာ အလ်ယောင်းမ် တွင် အစ္စရေးစစ်ရေးလေ့လာသူတဦး ပြောကြားချက်ကို တင်ပြထားပါတယ်။ အစ္စရေးတွင် ဟားမတ်စ် စစ်ဆင်ရေးအပြီး တစ်လအကြာတွင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်တွင် အခြေချ နေထိုင်သူများ ကို လုံခြုံစေသည်ဟု ကတိပေးခဲ့ပါတယ်။ သို့သော် ဟားမတ်စ်တို့ ၏ တိုက်ခိုက်မှုအပြီးတွင် ၎င်းတို့ကိုယ်ကို ခုခံကာကွယ်ရန် မည်သူမျှမရှိခဲ့ တာကိုတွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ဤဇီယွန်ဝါဒီစစ်ရေးလေ့လာသုံးသပ်သူသည် အောက်တိုဘာ ၇ ရက်သည် အစ္စရေးအတွက် ကပ်ဘေးကျ သည့် နေ့ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အခြားသတင်းတစ်ပုဒ်တွင် ဇီယွန်နစ်စစ်တပ်၏ ထောက်လှမ်းရေးအရာရှိတစ်ဦးကို အစ္စရေး အလ်ယောင်းမ် သတင်းစာက ကိုးကားဖော်ပြခဲ့ပါတယ်။ ဟားမတ်စ်သည် ကျွန်ုပ်တို့နှင့် ပတ်သက်သည့် အရာများစွာကို သိပြီး ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်သည်ကို ကောင်းစွာ သိရှိပါတယ်။ သူတို့မှာ တိကျတဲ့ ထောက်လှမ်းရေး အချက် အလက်တွေ ရှိပြီး ဒီအချက်အလက်တွေအပေါ် အခြေခံပြီး ရလဒ်ကောင်းတွေ ရကြပါတယ် ဟုပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ဂါဇာကမ်းမြှောင်ရှိ ကျွန်ုပ်တို့အပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ IEDs နှင့် မြေဗုံးများ ဖြစ်မည်ဟု ကျွန်ုပ်တို့ထင်မြင်ခဲ့ ကြသော်လည်း အမှန် တကယ်ခြိမ်းခြောက်မှုမှာ သံချပ်ခွင်း ဒုံးကျည်များနှင့် ဒုံးပျံများအသွင်ဖြင့်ဖြစ်ကြောင်း ထင်ရှားလာပါဟု ပြောကြားခဲ့ပါတယ်။                                                                                                                                                                                       

****************************************************************

END / 251