အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၉ နိုဝင်ဘာ ၂၀၂၃

၂၁:၅၃:၃၅
1410194

ECOထိပ်သီး အစည်းအဝေးပွဲ သည် ပါလက်စတိုင်း ပြည်သူများ အတွက် ဝမ်းနည်းခြင်းအဖြစ်သို့ ပြောင်းလဲ သွား

ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (ECO) ၏ ထိပ်သီးအစည်းအဝေးပွဲ သည် ဖိနှိပ်ချုပ်ချယ်သမား ဇီယွန်ဝါဒီအစိုးရ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများတွင် သေဆုံးခဲ့ရသည့် ပါလက်စတိုင်းပြည်သူများအတွက် ဝမ်းနည်းဖွယ် အစည်းအဝေးတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 
Sahar News ၏ သတင်း အထောက်အထားများအရ အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ အာယာ သွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ ဆဋ္ဌမအကြိမ်မြောက် ECO ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ပါတယ် ။ အီရန် သမ္မတ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် ပါလက်စတိုင်းပြည်သူများကို အခိုင် အမာ ထောက်ခံကြောင်း ပြီးနောက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ နှုတ်ဆိတ်မှုကို ဝေဖန်ခြင်းဖြင့် ၎င်း၏ မိန့်ခွန်း ကို စတင်ခဲ့ပါတယ်?

ကလေး ၄၃၀၀ နှင့် အမျိုးသမီး ၂၈၀၀ အပါအဝင် ဂါဇာတွင် ရာစုနှစ်၏ အကြီးမားဆုံး လူမျိုး တုံး သတ်ဖြတ် မှုတွင် ပါလက်စတိုင်း ၁၀,၀၀၀ ကျော် ကွပ်မျက်ခံရသည့် အခြေအနေမျိုးတွင် ကျွန်ုပ်တို့ စုဝေးမိခဲ့ကြောင်း အီရန် သမ္မတ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းတွင်၊ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံ တကာစနစ်သည် ဇီယွန်ဝါဒီအစိုးရ၏ ရိုင်းစိုင်းသော ရာဇ၀တ်မှုများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ  ရှုံးနိမ့် သွားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်သည် ဇီယွန်ဝါဒီများ၏ ရာဇ၀တ်မှုများတွင် တန်းတူပါဝင်နေပြီး အမေရိကန်၏လက်များသည် အဖိနှိပ် ခံပါလက်စတိုင်းတို့၏သွေးများဖြင့် စွန်းထင်းနေပြီဖြစ်ကြောင်း ယခုအခါ တစ်ကမ္ဘာလုံးအတွက် ရှင်းရှင်း လင်းလင်းဖြစ်နေပြီဟု ဆက်လက် ပြောကြားခဲ့ပါတယ်။

မိန့်ခွန်းပထမပိုင်းအပြီးတွင် အီရန် သမ္မတသည် ဂါဇာကမ်းမြောင်ဒေသရှိ အာဇာနည်များအား ရိုသေလေးစားမှု တစ်မိနစ် ငြိမ်သက်ခြင်းစူရဟ်ဖါသေဟဟ် ကိုဖတ်ကြားပြီး အာဇာနည်များအတွက် ဆုတောင်း မေတ္တာပို့ သခဲ့ပါ တယ်။

အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် ECO ထိပ်သီးအစည်းအဝေးတွင် မိမိ ၏မိန့်ခွန်းကို အမည် ကို ပါလက်စတိုင်း တမ်းတခြင်းဆိုသည့် ခေါင်းစဥ် ဖြစ်ပြောကြားပြီး နိဂုံးချုပ်ခဲ့ပါတယ်။

ထို့အပြင် ညီလာခံခန်းမ၌ အီရန် နိုင်ငံတော် သမ္မတ၏ ကြွေးကြော်သံများနှင့်အတူ ပါလက်စတိုင်းအပေါ် ကောင်းချီးမင်္ဂလာများနှင့် ငြိမ်းချမ်းရေး၊ ဂါဇာကမ်းမြောင်ဒေသနှင့် ၎င်း၏ အဖိနှိပ်ခံကလေးများအပေါ် ကောင်းချီးမင်္ဂလာများ၊ ပါလက်စတိုင်း၏ တည်တံ့ခိုင်မြဲမှုအပေါ် ကောင်းချီးမင်္ဂလာများနှင့် ငြိမ်းချမ်းရေးတို့ကို ပဲ့တင်ထပ်ခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251