အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ နိုဝင်ဘာ ၂၀၂၃

၁၉:၁၀:၀၉
1410278

ဟစ်ဇ်ဘွလ္လာဟ် နှင့် ဇီယွန်ဝါဒီ စစ်တပ်ကြား တိုက်ပွဲ

လက်ဘနွန်ရှိ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့သည် သိမ်းပိုက်ထားသော ပါလက်စတိုင်းမြောက်ပိုင်းရှိ စစ်သွေးကြွ အစ္စရေး ဇီယွန်ဝါဒီများ၏ စစ်အခြေစိုက်စခန်းအများအပြားကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့သလို နယ်ချဲ့ စစ်သွေးကြွ အစ္စရေး ဇီယွန်ဝါဒီတပ်များက လက်ဘနွန် တောင်ပိုင်းဒေသများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထား များ အရ လက်ဘနွန်နိုင်ငံရှိ အစ္စလာမ်မစ် တော်လှန်ရေးတပ်ဖွဲ့များသည် လက်ဘနွန်နယ်စပ်ရှိ ဒိုဖီးဖ် အမည်ရှိ စစ်စခန်း၏ဆင်ခြေဖုံးများကို ပစ်ခတ်ခဲ့ပါတယ်။

ဇီယွန်ဝါဒီ မီဒီယာများ၏ အစီရင်ခံစာအရ ဟစ်ဇ်ဘွလ္လာဟ်  လက်ဘနွန် သည် အက်မစ်သ်  ဧရိယာကို တင့်ကားဖျက်ဒုံးကျည်ဖြင့် ပစ်မှတ်ထားသည်ဟု ဆိုပါ တယ်။

တစ်ဖက်တွင် ဇီယွန်ဝါဒီအစိုးရသည် လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေအသီးသီးကို လေကြောင်းနှင့် အမြောက်များဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ လူသေဆုံးမှုနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးရမှု အစီရင်ခံစာ မရရှိသေးကြောင်း သိရှိရပါတယ်။

ဂါဇာရှိ ဇီယွန်အစိုးရ၏ ကြောက်မက်ဖွယ် ရာဇ၀တ်မှုများ ကျူးလွန်ပြီးနောက် မကြာသေးမီ ရက်ပိုင်းများ အတွင်းက သိမ်းပိုက်ထားသော ဇီယွန်အစိုးရ၏ အခြေစိုက်စခန်းများကို ဟစ်ဇ်ဘွလ္လာဟ် လက်ဘနွန်မှ တိုက်ခိုက် မှု များ စတင်ခဲ့ပါတယ်။

ရလဒ်အနေဖြင့် ဇီယွန်ဝါဒီများ၏ မြို့နယ်များ တွင် ကြောက်ရွံ့မှု အငွေ့အသက်များ ရှိနေ ကြောင်း ယခုအချိန်အထိ သောင်းနှင့်ချီသော ဇီယွန်ဝါဒီများသည် ဟစ်ဇ်ဘွလ္လာဟ် တို့၏ တိုက်ခိုက်မှုများကို ကြောက်ရွံ့ ကာ လက်ဘနွန် နယ်စပ်ဒေသများမှ ထွက်ပြေးသွားကြကြောင်း သိရှိရပါတယ်။

****************************************************************

END / 251