အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၁ နိုဝင်ဘာ ၂၀၂၃

၂၀:၂၇:၀၃
1410721

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မန် နှင့် အီရန်သမ္မတတို့ တွေ့ဆုံ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဟဇရသ်အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟမ္မဒ် ဘင်န် စလ်မန် နှင့် ရီယာ့ဒ် မြို့ တွင်ကျင်းပသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၏ အရေးပေါ်အစည်းအဝေး၏ ဘေးတွင် တွေ့ဆုံခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency  ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဟဇရသ်အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် ပါဝင်ရန် ယနေ့နံနက်ပိုင်းတွင် ရီယာ့ဒ်မြို့သို့ ရောက်ရှိခဲ့ပြီး မကြာမီတွင် သမ္မတ ဟဇရသ်အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟမ္မဒ် ဘင်န် စလ်မန် နှင့် တွေ့ဆုံခဲ့ပါတယ်။

သတိရသင့်သည်မှာ ၁၁ နှစ်အကြာတွင် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ဆော်ဒီအာရေဗျသို့ ပထမဆုံး လာရောက်လည်ပတ်ခြင်းဖြစ်ပါတယ်။

ယင်းရည်ရွယ်ချက်အတွက်၊ သမ္မတရုံး၏ပြည်သူ့ဆက်ဆံရေးဌာနညွှန်ကြားရေးမှူးချုပ် မိုဟမ္မဒ်မဲဟ်ဒီ ရဟီမီ  က ၁၁ နှစ်အကြာတွင် အီရန်သမ္မတသည် အဖိနှိပ်ခံ ပါလက်စတိုင်း သားများ နှင့် ဂါဇာမြို့သားတို့ အား ထောက်ခံသည့်အနေဖြင့် ပါလက်စတိုင်းတော်လှန်ရေးပုဝါ (chafiyyah) ကို အသုံးပြုပြီး ရီယာ့ဒ် လေဆိပ်သို့ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် နှင့် ဆော်ဒီ နှစ်နိုင်ငံ ချစ်ကြည်ပြီး ဆက်ဆံရေးကောင်းကြမည်ဆိုလျှင် အစ္စလာမ်ကမ္ဘာ အတွက် အလွန် ကြီးမားသည့် ခွန်အား ဖြစ်လာပြီး အလွန်တိုး တက်၍ စွန်နီ ရှီအဟ် လည်း စည်းရုံးသွားမည် ဖြစ်ပါတယ်။ အမေရိကန် အစ္စရေး နှင့် မဟာမိတ်များ နောက် ပြဿနာ ဖြစ်နေမှ သာလျှင် စားရမည့် မော်လဝီများ (အချို့ ရှီအဟ်များ နှင့် အချို့ စွန်နီ များ )သည်  အီရန် နှင့်ဆော်ဒီ  ချစ်ကြည်ရေး မရ၊ ရအောင် ဖျက်ရမည် ဖြစ်ပါတယ်။ မစည်းရုံးအောင် လုပ်ကြံဇာတ်များ ပြဿနာများ အမျိုးမျိုး ဖန်တီး ကြမည် ဖြစ်ပါတယ်။

****************************************************************

END / 251