အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၁ နိုဝင်ဘာ ၂၀၂၃

၂၀:၂၇:၅၀
1410722

ပြစ်တင်ရှုံ့ချခြင်းတစ်ခုတည်းနှင့် မလုံလောက်ပါ / ကာတာဘုရင်

ဂါဇာရှိ ဆေးရုံများနှင့် အရပ်သားများအား ဗုံးခွဲတိုက်ခိုက်ခြင်းအား အစ္စရေးတပ်ဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကာတာ ဘုရင် သမီးမ် ဘင်န် ဟမ်ဒ်ဒွန်စ်စာနီ ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာကြီးက တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြည့်ရှုနေကြပါတယ်၊ ဂါဇာမှာ အစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိကြောင်း ဖြစ်ပျက်နေတာတွေဟာ သမိုင်းမှာ ရှေးရိုးမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ ရီယာ့ဒ် မြို့ ၌ အာရပ်နှင့် အစ္စလာမ္မစ် ထိပ်သီးအစည်းအဝေးတွင် ကာတာ ဘုရင် သမီးမ် ဘင်န် ဟမ်ဒ်ဒွန်စ်စာနီ က နိုင်ငံတကာအသိုင်းအဝိုင်းသည် ဂါဇာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ရန်လိုမှုစစ်ပွဲကို ရပ်တန့်ရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာရှိ ဆေးရုံများနှင့် အရပ်သားများကို အစ္စရေးတပ်များက ဗုံးခွဲတိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကာတာနိုင်ငံမှ ဘုရင် သမီးမ် ဘင်န် ဟမ်ဒ်ဒွန်စ်စာနီ က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားပြီး ၂၁ ရာစုတွင် ဆေးရုံများ ဗုံးကြဲခံရမည်ဟု စိတ်ကူးယဉ်ကာ သမိုင်းတွင် မကြုံစဖူး ကြုံဖူးခဲ့ရပြီး  မိမိတို့ နှလုံးသားတွေ ကြေကွဲကုန်ပြီဖြစ်ကြောင်း  မိမိတို့  ကာတာနိုင်ငံ ဟာ ပါလက်စတိုင်းရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ၎င်းတို့ နဲ့ အတူရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပျက်နေသည့်အရာများသည် အန္တရာယ်များပြီး နိုင်ငံတကာအသိုက်အဝန်းက အစ္စရေးအား ဥပဒေအထက်တွင် ထားရှိနေသည်မှာ ထင်ရှားနေကြောင်း ၂၁ ရာစုတွင် ဆေးရုံများကို ပစ်မှတ်ထားလာမည်ဟု မည်သူထင်မည် မဟုတ်ကြောင်း ဆေးရုံများ၊ ရပ်ကွက်များနှင့် စခန်းများကို တိုက်ခိုက်ခွင့်ပြုခြင်းဖြင့် နိုင်ငံတကာအသိုက်အဝန်းသည် အခြားသူများရှေ့တွင် မိမိကိုယ်ကို မေးခွန်းထုတ်သင့်သည် ဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက် ကတော့ ပါလက်စတိုင်းနိုင်ငံ တည်ငြိမ်ရေးနဲ့ သူတို့ရဲ့ တရားမျှတတဲ့ ပြဿနာကို ထောက်ခံဖို့ ဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။

ဆေးရုံတွေ ဗုံးခွဲမှုမှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွတ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုထားပြီး ပြစ်တင်ရှုတ်ချတာလောက် ကို ကျေနပ်မနေသင့်ဘူးလို့ ကာတာ ဘုရင် မှ  ဆက်ပြောပါတယ်။ နိုင်ငံ တကာဥပဒေကို ချိုးဖောက် နေသည့်  အစ္စရေးကို အချိန်မည်မျှကြာအောင် ခွင့်ပြုမည်နည်း? ဟုလည်း မေးခွန်း ထုတ်ခဲ့ပါတယ်။

****************************************************************

END / 251