အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၃ နိုဝင်ဘာ ၂၀၂၃

၁၉:၂၀:၂၁
1411223

ဂါဇာကမ်းမြောင်ဒေသရှိ ဒုက္ခသည်များအတွက် ထောက်ပံ့ကူညီမှုသည် ဝါဂျစ်ဗ် ဖြစ်ပြီး အစ္စရေး၏ ရာဇ၀တ်မှုများအပေါ် နှုတ်ဆိတ်နေခြင်းကို ဟရာမ် ဖြစ်ပါတယ် / အေမာမ် ဂျူမ်အဟ် ဘူရှဲဟ်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဘူရှဲဟ် မြို့ ၏ အေမာမ် ဂျူမ်အဟ် မှ ပါလက်စတိုင်း ဖိနှိပ် ခံ အရက်စက်ခံ များ အထူးသဖြင့် ဂါဇာရှိ အဖိနှိပ် အရက်စက်ခံနေ ရသူများကူညီထောက်ပံ့ပေးရမည် မှာ မွတ်စလင်မ်များ အားလုံး၏ ဝါဂျစ်ဗ် တာဝန်ဖြစ်ပြီး အစ္စရေးရဲ့ ရာဇ၀တ်မှုတွေအတွက် နှုတ်ဆိတ်နေခြင်းဟရာမ် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

Hawza News Agency ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဘူရှဲဟ်  မြို့ ၏ အေမာမ် ဂျူမ်အဟ် ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ် မွတ်စလေမီးန်   ဂိုလာန်မ် အလီ ဆဖါအီ မှ ပါလက်စတိုင်းတွင် သိမ်းပိုက်ထားသော ဇီယွန်ဝါဒီ အစိုးရ၏ ရာဇ၀တ်မှုများကို ထောက်ပြပြောဆိုမိန့်ကြားခဲ့ပါတယ်။၎င်းမှ ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ။ လူ့အခွင့်အရေးကို လေးစားတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဒီမုန်းတီးတဲ့ အစိုးရရဲ့ ရာဇ၀တ်မှုတွေကို ထောက်ပံ့ ကူညီ ပေးနေတာ တွေ့ရတယ်ဟု မိန့်ကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့ ရာဇ၀တ်မှုတွေဟာ သမိုင်းတစ်လျှောက် ဘယ်စစ်ပွဲမှာမဆို မကြုံစဖူးဖြစ်ကြောင်း လည်း အေမာမ် ဂျူမ်အဟ် ဘူရှဲဟ် မှ မိန့်ကြားခဲ့ပါတယ်။

ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ် မွတ်စလေမီးန်   ဂိုလာန်မ် အလီ ဆဖါအီ က ပြောကြားရာတွင်  ဤအစွန်းရောက် ဇီယွန်ဝါဒီအစိုးရသည် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားများကို ပစ်မှတ်ထားခဲ့ကြောင်း  “အစ္စရေးဟာ ပျက်စီးတော့မယ့်အချိန်မှာ ဒီ ရာဇ၀တ် မှုတွေကို ကျူးလွန်နေ တာ ဖြစ်ကြောင်း “  “အစ္စရေးဟာ ဆေးရုံတွေကို တိုက်ခိုက်မှုရဲ့ ပစ်မှတ်ထား တိုက် ခိုက်မှု ပြီး လှုပ်ရှား မှု အလုပ် အကြီးကြီး မယူဆသင့်ကြောင်း ဒါပေမယ့် ဤလုပ်ရပ်များ အစ္စရေး ၏ မစွမ်း ဆောင်နိုင်တဲ့ လက္ခဏာ ( ကြွက်မနိုင် ကျီမီးရှို့ လပ်ရပ် ) တစ်ခု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251