အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၅ နိုဝင်ဘာ ၂၀၂၃

၁၀:၅၅:၅၂
1411782

ဂါဇာကမ်းမြှောင်မှ အမျိုးသမီးများသည် ကမ္ဘာ့သမိုင်းတွင် သည်းခံမှု ကြံ့ကြံ့ခံမှု အရှိဆုံး အမျိုး သမီးများ ဖြစ်ကြပါတယ်

အီရန်နိုင်ငံ ဒုတိယသမ္မတက အီရန်တက္ကသိုလ်များတွင်ဂါဇာ ကျောင်းသူ များ၏ ပညာရေးကို အားပေး ထောက်ခံရင်း ပထမအဆင့်တွင် ဂါဇာ ကျောင်းသား ၃ ဦးအား ဟမ်ဒန် ရှိ ဘူအလီ စီနာ တက္ကသိုလ်တွင် ပညာသင်ဆု များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်းအထောက်အထားမျးအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ဒုသမ္မတ အန်စီယေဟ် ခါဇ်အလီ  သည်ဟမ်ဒန် မြို့ရှိ ဘူအလီ စီနာ တက္ကသိုလ်တွင် ပြုလုပ်သော နိုင်ငံတကာ အမျိုးသမီးများ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံ တကာ ကျောင်းသူများကို အီရန်တက္ကသိုလ်များသို့ ဝင်ခွင့် လက်ခံခြင်းဖြင့် အစ္စလာမ်မစ် အီရန်ယဉ်ကျေးမှုကို အခြားနိုင်ငံများသို့ လွဲပြောင်းပေးနိုင်ကြောင်း ပြောကြားခဲ့ ပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ဒုသမ္မတ အန်စီယေဟ် ခါဇ်အလီ  သည် ဟမ်ဒန် မြို့ရှိ ဘူအလီ စီနာ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းအမျိုးသမီးတွေနဲ့ ကလေးငယ်တွေ သတ်ဖြတ်ခံရမှုအပေါ် ရှုတ်ချခဲ့ပြီး လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး တောင်းဆိုသူများ၏ ဤရက်စက်ကြမ်းကြုတ်မှုတွေကို လက်တွေ့ကျကျ အရေးယူဆောင်ရွက်ခြင်းများပြုလုပ်တာ ဘာတစ်ခု မှ မမြင်ရသေးကြောင်း ပြောဆိုလိုက်ပါတယ်။

ဟမ်ဒန် ရှိ ဘူအလီ စီနာ တက္ကသိုလ်တွင် ညာသင်ကြားနေသော နိုင်ငံခြားကျောင်းသူများ မိန့်ခွန်းပြောကြားရာတွင် သမီးတို့ တတွေ အနေဖြင့် အသိပညာနှင့် ထိုးထွင်းသိမြင်မှုများအတွက် ရေခြားမြေခြား မှ လာရောက်ခဲ့ကြသည် ဖြစ်ပြီး အသိပညာနှင့် အတူ လူအခွင့်အရေးကို လည်း တွေ့မြင်ပြီး ဖြစ်ပါတယ်။ သမီး တို့ အနေဖြင့် ဇီယွန်ဝါဒီအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့် တုံ့ပြန်မှုများ ပြုလုပ်သင့်ပြီး နိုးကြားမှုများ ရှိနေသင့်ကြောင်း ပြောကြား ခဲ့ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏  ဒုသမ္မတ အန်စီယေဟ် ခါဇ်အလီ မှ  ဂါဇာကမ်းမြှောင်မှ အမျိုးသမီးများ သည် ကမ္ဘာ့သမိုင်းတွင် သည်းခံမှု ကြံ့ကြံ့ခံမှု အရှိဆုံး အမျိုး သမီးများ ဖြစ်ကြကြောင်းပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီများ၏ ရန်လိုမှုတွင် ယခုအချိန်အထိ လူပေါင်း ၁၁၃၆၀ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၃၀၀၀ ကျော် အပါအဝင် ဖြစ်သည်ကို သတိပြုသင့်ကြောင်း ဖြစ်ပါတယ်။

****************************************************************
END / 251