အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၁၅ နိုဝင်ဘာ ၂၀၂၃

၂၀:၂၉:၁၅
1411977

အစ္စရေးက ဂါဇာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကိုရပ် လျင် ဟားမတ်စ် လည်း တိုက်ခိုက်မှုကို ရပ်မည် / အီရန် နိုင်ငံခြားရေးဝန်ကြီး

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဇီယွန်ဝါဒီအစိုးရက ရပ်တန့်လိုက်မယ်ဆိုရင် ဟားမတ်စ်အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အသင့်ရှိကြောင်း အီရန်နိုင်ငံခြား ရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီးရာန်း မှ ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်း အေဂျင်စီ၏ အစီရင်ခံစာအရ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီးရာန်း  သည် ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ အကြီးအကဲ Martin Griffith နှင့် တွေ့ဆုံစဉ်တွင် ဇီယွန်ဝါဒီအစိုးရသည် ဂါဇာတွင် ပါလက်စတိုင်းတို့ သတ်ဖြတ်မှုကို ချက်ချင်းရပ်တန့်ရမည်ဟု ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်ခေါင်းဆောင်များနှင့် မကြာသေးမီက တွေ့ဆုံမှုများနှင့်ပတ်သက်၍ ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီးရာန်း  က ဂါဇာတွင် ဇီယွန်ဝါဒီများက လူမျိုးသုဉ်းသတ်ဖြတ်မှုကို ရပ်တန့်ပါက ဟားမတ်စ်တို့၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကို ရပ်တန့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကြံ့ကြံ့ခံ ပါလက်စတိုင်းအရပ်သားအဖွဲ့သည် အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။

ဇီယွန်ဝါဒီအစိုးရသည် ဟားမတ်စ်ကို နှိမ်နင်းရန် ဖြစ်နိုင်ခြေမရှိကြောင်း၊ ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲသည် ဇီယွန်အစိုးရကို အကြီးမားဆုံး ထောက်ခံသူ အမေရိကန်အစိုးရ၏ ကုန်ကျစရိတ်များ တိုးမြင့်လာမည်ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအတွက် နိုင်ငံတကာအကူအညီများသည် နည်းကြောင်း ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စကို ချက်ချင်း အရေးယူသင့်တယ်လို့ ပြောပါတယ်။ဆက်လက်ပြီး နိုင်ငံတကာအဖွဲ့အစည်းသည် ဒေသတွင်း ကျန်းမာရေးနှင့် လုံခြုံရေးအတွက် အီရန်အား ယုံကြည်သင့်သည်ဟု အမီးရ် အဗ်ဒိုလ္လာဟ်ဟီးရာန်း မှ ကုလသမဂ္ဂ ကိုယ်စားလှယ်အား ပြောကြားခဲ့သည်။

ယခုအချိန်တွင် Martin Griffith က ဂါဇာရှိ စစ်ပွဲကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများကို တိုက်တွန်းခဲ့ပြီး ဂါဇာရှိ အလ်ရှဖါအ်  ဆေးရုံ ပျက်ဆီးမှု အခြေအနေသည် ကြေကွဲစရာ ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။ Martin Griffith မှ အီရန်၏ လုပ်ရပ်များကို ချီးမွမ်းပြီး  ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အခြားဒေသများသို့ မပြန့်ပွားစေရန်နှင့် ဒေသတွင်း အန္တရာယ်များကို လျှော့ချရန် လိုအပ်သည်ဟု ပြောကြားခဲ့ပါတယ်။

ဂါဇာတွင် ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုများကို ရပ်တန့်ရန် သံတမန်ရေးရာ အားထုတ်မှုများ ပြုလုပ်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီးရာန်း   သည် လက်ရှိတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာသို့ အလည် အပတ်ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုသင့်ပါတယ်။

****************************************************************

END / 251