အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၇ နိုဝင်ဘာ ၂၀၂၃

၀၆:၄၉:၃၈
1412372

ဟစ်ဇ်ဘွလ္လာဟ် သည် လက်ဘနွန်နယ်စပ် တွင အစ္စရေး ဇီယွန်ဝါဒီ စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်

ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့သည် သိမ်းပိုက်ထားသော ပါလက်စတိုင်းမြောက်ပိုင်းရှိ အစ္စရေး ဇီယွန်စစ်တပ်၏ စစ်ဆေး ရေး ဂိတ် ၅ ခုကို တိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန် တော်လှန်ရေး အဖွဲ့အစည်း ဟစ်ဇ်ဘွလ္လာဟ် သည် သိမ်းပိုက်ထားသော ပါလက်စတိုင်း မြောက်ပိုင်းရှိ အစ္စရေး ဇီယွန် စစ်စခန်းများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Maher သတင်းဌာနက အယ်လ်မာ ယာဒီးန် သတင်းဌာန ကို ကိုးကား၍ ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့မှ တိုက်ခိုက်သည့် စစ်ဆေးရေးဂိတ်များမှာ မောင်သူလာ ၊အလ်ဘယာဇ်၊ ယဖ်သာဟ်၊ မတ်စ်ကာဖ အာမ် နှင့် အလ်မရ်ဂျ် တို့ဖြစ်ပြီး အစ္စရေး ဇီယွန်ဝါဒီ စစ်သားများသည် ဤနေရာတွင် တာဝန်  ထမ်းဆောင်လျက်ရှိပါတယ်။

လက်ဘနွန် တော်လှန်ရေး အဖွဲ့အစည်းက အစ္စရေး ဇီယွန်ဝါဒီ တပ်ဖွဲ့များကို တိုက်ခိုက်ခြင်းသည် ပါလက်စတိုင်း၏ အဖိနှိပ်ခံနှင့် ခိုကိုးရာမဲ့ မွတ်စ်လင်မ်များနှင့် တစ်တပ်တည်း ရှိနေကြောင်း နှင့် စာနာမှုတို့ကို ဆက်လက်ဖော်ပြနေခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

ယနေ့ တိုက်ခိုက်မှုတွင် အစ္စရေး ဇီယွန်ဝါဒီတို့၏ ရန်သူများသည် အသက်နှင့် ပိုင်ဆိုင်မှု ပြင်းထန်စွာ ဆုံးရှုံးခဲ့ ရပါ တယ်။

အစ္စရေး ဇီယွန်နစ်တပ်ဖွဲ့ဝင်များက တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန် နိုင်ငံ တောင်ပိုင်း ရှိ တော်လှန်ရေး အဖွဲ့ အစည်းများကို  မော်တာကျည် ၃ လုံးကို ပစ်ခတ်ခဲ့ကြောင်းဇီယွန်နစ်ချန်နယ် ၁၂ မှ ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်တွင် အစ္စစရေး ဇီယွန်ဝါဒီစစ်တပ်သည် တောင်လက်ဘနွန်ရှိ နယ်မြေအသီးသီးကို အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ မိုဟီဘပ်မြို့၏ နေရာအနှံ့အပြားတွင် ဇီယွန်ဝါဒီတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

****************************************************************

END / 251