အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀:၁၆:၀၀
1412918

ပါလက်စတိုင်း ဥပဒေပြုလွတ်တော် ဥက္ကဌ အဲဟ်မဒ် ဘဟ်ရ် ရှဟီးဒ် ဖြစ်

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းဥပဒေပြုလွတ်တော်ဥက္ကဋ္ဌ နှင့် ဟားမတ်စ် လှုပ်ရှားမှု၏ အရေးပါသော ခေါင်းဆောင် တစ်ဦး ဖြစ်သည့် အဲဟ်မဒ် ဘဟ်ရ် သည် ဂါဇာကမ်းမြောင်ဒေသအား ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်သွား ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာလန်မ်မေ အစ္စလာမ် သတင်းဌာန ၏ အစီရင်ခံစာအရ ပါလက်စတိုင်းမီဒီယာသည် ဂါဇာရှိ ပါလက်စတိုင်းဥပဒေပြုလွတ်တော်ဥက္ကဋ္ဌ အဲဟ်မဒ် ဘဟ်ရ် ၏ အာဇာနည်ဖြစ်မှု (ရှဟီးဒ်ဖြစ်မှု) ကို အစီရင်ခံခဲ့သည်။ သိမ်းပိုက်ခံထားရသော စစ်သွေးကြွ ဇီယွန် အစ္စရေးအစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နောက်ဆုံ ဒဏ် ရာ ဒဏ်များ ကြောင့် ရှဟီးဒ် ဖြစ်သွား ကြောင်း သိရှိရပါတယ်။

တစ်ဖက်တွင် အစ္စရေးစစ်လေယာဉ်များသည် ဂါဇာကမ်းမြှောင်ရှိ အလ်မအ်မဒါနီ ဆေးရုံကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြပါ တယ်။  ဒီဗုံးပေါက်ကွဲမှုကြောင့် အသက်နဲ့ အိုးအိမ် ဆုံးရှုံးမှုတွေ ဖြစ်နိုင်တဲ့အချက်အလက် အသေးစိတ် ကို မသိရှိရသေးကြောင်း သိရှိရပါတယ်။

ဤအတောအတွင်း ဂါဇာတွင် လူပေါင်း ၁၂၀ ရှဟီးဒ် ဖြစ်ခဲ့ရကြောင်း (အာဇာနည် အဖြစ်သေဆုံး ခဲ့ကြောင်း ) ကို ပါလက်စတိုင်း ရှဟာဗ် သတင်းအေဂျင်စီ မှ သတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။

****************************************************************

END / 251