အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀:၂၁:၁၂
1412919

ဂါဇာတွင် ဗလီ ၆၀ ကျော်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထား

အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ အစ္စရေးရဲ့ ဂါဇာကမ်းမြှောင်ကို ကျူးကျော်တိုက်ခိုက်မှုမှာ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ အစ္စရေးရဲ့ ဂါဇာကမ်းမြှောင်ကို ကျူးကျော်တိုက်ခိုက်မှုမှာ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။

မနေ့က ဂါဇာစီးတီးမှာရှိတဲ့ အလ်-ဆလမ် ဗလီ၀တ်ကျောင်းတော်ကို အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ တစ်လကျော်အတွင်း အစ္စရေးဖျက်ဆီးခဲ့တဲ့ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပါတယ်။

ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ရာမှာ ပါလက်စတိုင်း ပြည်သူလူထုအပေါ် အဓိက အကြမ်းဖက်နေတာ ဖြစ်ပါတယ်။

လူနေအိမ်၊ ဆေးရုံတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေ၊ ဒုက္ခသည်စခန်း၊ အကူအညီပေးရေး ယာဥ်မကျန် အစ္စရေးက တိုက်ခိုက်နေတာပါ။

အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တစ်လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၁၁၀၇၈ ဦး သေဆုံးပြီး အများစုက ကလေးငယ်နဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

****************************************************************
END / 251