အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၀ နိုဝင်ဘာ ၂၀၂၃

၁၉:၀၄:၅၃
1413552

ယီမင် လက်နက်ကိုင် တပ်ဖွဲ့ များသည် အစ္စရေး သင်္ဘော တစ်စီးကို သိမ်းပိုက်

နိုင်ငံတကာမီဒီယာများ ၏ ဖော်ပြချက်အရ ဇီယွန်နစ်သင်္ဘောသည် ပင်လယ်နီတွင် ပျောက်ဆုံးသွားကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတကာ မီဒီယာများ၏ ဖော်ပြချက်အရ နယ်ချဲ့ အစ္စရေး ဇီယွန်နစ် သင်္ဘော ပျောက်ဆုံးမှု သတင်းကို နိုဝင်ဘာလ  ၁၉ ရက်နေ့ မွန်းလွဲပိုင်း တွင် လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

အလ်မယာဒီးန် ရုပ်သံလိုင်း၏ အဆိုအရ ပျောက်ဆုံးနေသည့် ဇီယွန်နစ် သင်္ဘောကို သင်္ဘောသား ၂၂ ဦးဖြင့် “Galaxy Leader” ဟု အမည်ပေးထားကြောင်း သိရှိရပါတယ်။ သတင်းများထွက်ပေါ်ပြီး မကြာမီတွင် သတင်းရင်းမြစ်တစ်ခုအား အလ်မယာဒီးန် ရုပ်သံလိုင်း ကိုးကား၍ ယီမင်ရေတပ်ဖွဲ့ သည် ပင်လယ်နီတွင် ဇီယွန်နစ် သင်္ဘောတစ်စင်းကို  ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုထားပါတယ်။

အစောပိုင်းတွင် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ယဟ်ယာ စရီးအ် အစ္စရေးအလံပါရှိသည့် သင်္ဘောများနှင့် ဇီယွန်နစ်ကုမ္ပဏီများပိုင်ဆိုင်သည့် သင်္ဘောများကို ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက ပစ်မှတ်ထားသည်ဟု အစောပိုင်းတွင် ပြောကြားထားပြီး ဖြစ်ကြောင်း သတိ ပြုဘင့်ပါတယ်။

****************************************************************

END / 251