အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၀ နိုဝင်ဘာ ၂၀၂၃

၁၉:၁၂:၃၇
1413566

ဘောဂဗေဒပညာရှင်များ၏ အဆိုအရ အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး အပြီးတွင် အစ္စရေးအစိုးရ၏ စီးပွားရေး အနာဂတ်မှာ ဆိုးရွားလာကာ အလုပ်လက်မဲ့များ တိုးလာ

နယ်ချဲ့ အစ္စရေးအစိုးရ၏ စာရင်းအင်းရုံး၏ အဆိုအရ " အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး " စစ်ဆင် ရေးအပြီးတွင် သိမ်းပိုက်ထားသော ပြည်နယ်တွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့ကြောင်း ဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sputnik သတင်းဌာန၏ အစီရင်ခံစာအရ သိမ်းပိုက်ထားသော အစ္စရေးအစိုးရ၏ စာရင်းအင်းရုံးသည် " အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး "  စတင်ပြီးနောက် သိမ်းပိုက်ထားသော နယ်မြေများတွင် အလုပ်လက်မဲ့နှုန်း အဆပေါင်းများစွာ တိုးလာကြောင်း ဖော်ပြခဲ့သည်။

ပါလက်စတိုင်း ဟားမတ်စ် တော်လှန်ရေးတပ်ဦး၏ “အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး ” အပြီးတွင် ဟားမတ်စ် အနေဖြင့် နယ်ချဲ့ အစ္စရေး ဇီယွန် အစိုးရ အား စစ်ရေး အရ ရှုံး နိမ့် စေခဲ့ပြီး တစ်ချိန်တည်းမှာပင် နယ်ချဲ့ အစ္စရေး ဇီယွန် အတွက် ဆိုးရွားသော စီးပွားရေးပြဿနာများကို ဖန်တီးခဲ့ကြပါတယ်။ ထိုကြောင့် ဇီယွန်ဝါဒီ ၇၆၀၀၀၀ ယောက် သည် အလုပ်လက်မဲ့ဖြစ်သွားကြောင်း နယ်ချဲ့ အစ္စရေး ဇီယွန် အစိုးရ၏ အလုပ်သမားဝန်ကြီးဌာနက ဝန်ခံထားကြောင်း သိရှိရပါတယ်။

အစောပိုင်းက ဇီယွန်အစိုးရ၏ ဗဟိုစာရင်းအင်းဗျူရိုမှ “အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး ”  နှင့် ဂါဇာစစ်ပွဲ တတိယပတ်တွင် ကောက်ယူခဲ့သော ပါလက်စတိုင်းမြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကုမ္ပဏီ ၆၅ တွင် အမြတ်ငွေ ၅၀ ရာခိုင်နှုန်းကျော် ကို  လက်လွတ် လိုက်ရကြောင်း သိရှိရပါတယ်။

စီးပွားရေးပညာရှင်များက ဇီယွန်နစ်အစိုးရ၏ စီးပွားရေးအနာဂတ် အား မည်းမောင်း နေကြောင်းပြောဆိုပြီး ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးနှင့် စတော့ဈေးကွက်များ ကျဆင်းလာမှုအပြင် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းများသည် ပိတ်ရမည့် အထိ ဖြစ်လာပြီး ဖြစ်ကြောင်း ဆိုထားပါတယ်။

****************************************************************

END / 251