အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၁ နိုဝင်ဘာ ၂၀၂၃

၂၀:၂၅:၂၅
1413815

အစ္စရေး စစ်တပ် နှင့် နေတန်ယာဟု၏သားတို့ကြား စကား စစ်ပွဲ ဖြစ်ပွား

နေတန်ယာဟု၏သားဖြစ်သူက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်ဖို့ စစ်တပ်မှာ တာဝန်ရှိတယ် လို့ပြောတော့ အစ္စရေးစစ်တပ်က တန်ပြန် ပြီး အပြစ် က မင်းအဖေ ဟုပြော ကြောင်း သိရှိ ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ စစ်သွေးကြွ နယ်ချဲ့ အစ္စရေးစစ်တပ်သည် ဂါဇာ ကမ်းမြှောင်တွင် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများကို လုပ်ဆောင်နေပြီး ယခုအချိန်အထိ ကလေး ၅ဝဝဝ ကျော်အပါအဝင် ဇီယွန်ဝါဒီ ရိုင်းစိုင်းမှုတွင် ပါလက်စတိုင်း ၁၃ဝဝဝ ကျော် (ရှဟီးဒ် ဖြစ်) သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

ဤ အတောအတွင်းတွင် စစ်သွေးကြွ နယ်ချဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏သားဖြစ်သူ ယာအေရ် နှင့် စစ်သွေးကြွ နယ်ချဲ့ အစ္စရေးစစ်တပ်တို့ ကြား စကား စစ်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိ ပါတယ်။

အောက်တိုဘာ ၇ ရက်၌ “အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး ” အရ  ဂါဇာမှ ပါလက်စတိုင်း တော်လှန်ရေးတပ်ဦး ကြံ့ကြံ့ခံ မိုဂျာဟစ်ဒ်ီုးန် များ သည် သိမ်းပိုက်ထားသော နယ်မြေများကို အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွ နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး အစိုးရအတွက် အသေအပျောက်နှင့် ငွေကြေးများစွာ ဆုံးရှုံးခဲ့ရကြောင်း သိရှိရပါတယ်။

ဟားမတ်စ် တို့၏ တိုက်ခိုက်မှုများပြီးနောက်၊ ဇီယွန်ဝါဒီအာဏာပိုင်များတွင်မည်သူသည် ဇီယွန် စစ်တပ်၏ ရှက်ဖွယ်ကောင်းသော ရှုံးနိမ့်မှု အတွက်တာဝန်ရှိကြောင်း ? ဆွေးနွေးမှုစတင်ခဲ့ကြပါတယ်။ ယင်းနှင့်ပတ်သက်၍ ဇီယွန်ဝါ ဒီဝန်ကြီးချုပ် နေတန်ယာဟု၏ သားဖြစ်သူ ယာအေရ် သည် ဟားမတ်စ်တို့၏တိုက်ခိုက်မှုအတွက် အထက်တရားရုံး နှင့် ဇီယွန်စစ်တပ်၏ ဆုံးဖြတ်ချက်ကို အပြစ်တင် ပြောကြားခဲ့ပါတယ်။

Jerusalem Post ၏ အစီရင်ခံစာအရ အစ္စရေး၏ အရံစစ်တပ်သည် ယခု ယာအေရ် ၏ ထုတ်ပြန်ချက်ကို တုံ့ပြန်ခဲ့ပါတယ်။ အစီရင်ခံစာအရ ယူနီယံအရန်တပ်က "ဒါက မင်းရဲ့မောက်မာမှုကိုပြတယ်၊ တရားခံက မင်းအဖေ၊ မင်း ဒီကနေ ထွက်ပြေး သွားပြီ " လို့ ပြောခဲ့ပါတယ်။

****************************************************************

END / 251