အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၁ နိုဝင်ဘာ ၂၀၂၃

၂၀:၂၉:၅၁
1413818

ဟားမတ်စ် နှင့် အစ္စရေး တို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသည်နောက်ဆုံး အဆင့် ရောက်ရှိ / ကာတာ

ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇီယွန်အစိုးရနှင့် ဟားမတ်စ်တို့ကြား အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် အကျဉ်းသားများ လဲလှယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sputnik သတင်းဌာန နှင့်  Maher News Agency  တို့ ၏ ဖော်ပြချက် အရ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မဂျီးဒ် အာလေ အန်ဆွာရီ က အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နှင့် သဘောတူညီချက်အသေးစိတ်ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာ သွားမည် ဖြစ်ကြောင်း သိရှိ ရပါ တယ်။

နှစ်ဖွဲ့ စလုံး မှာ အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီဖြစ်ပြီး အကျဉ်းသားတွေအပေါ် သဘောတူညီချက်ရရင် ကြေညာချက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ညှိနှိုင်းမှုမှာ လက်ရှိ ဦးစားပေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍကို ထိန်းထားဖို့ ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှ ပြောကြားခဲ့ပါတယ်။

"ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ဦးတည်မယ့် သဘောတူညီချက်တစ်ရပ်ကို ရရှိနိုင်ရေး အတွက် ကျွန်တော်တို့ အလွန်မျှော်လင့် ပါတယ်" ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

မကြာသေးမီက ဟားမတ်စ် နိုင်ငံရေးဗျူရိုအကြီးအကဲ အစ္စမာအီးလ် ဟနီယဟ် ၏ လက်ထောက်တစ်ဦး က ဇီယွန်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီရန် လှုပ်ရှားမှုသည် နီးစပ်နေပြီဟု ရိုက်တာသတင်းဌာနသို့ ကြေညာချက်တစ်စောင် ပေးပို့ခဲ့ပါတယ်။

ကာတာရှိ ၎င်း၏ ညီအစ်ကိုများနှင့် အခြားဖျန်ဖြေသူများထံသို့ ဟားမတ်စ် မှ အဖြေ ပေးခဲ့ကြောင်းနှင့် ကျွန်ုပ်တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီရန် နီးကပ်နေပြီဟု ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရှိရပါတယ်။

ဟားမတ်စ်ခေါင်းဆောင် အေဇသ် အလ် ရရှ်က် မှ Al Jazeera သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းမှာ “ညှိနှိုင်းမှုတွေမှာ တကယ့်တိုးတက်မှုတွေရှိပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူနိုင်ဖို့ နီးစပ်နေပြီလို့  ပြောကြားထားပါတယ်။

မည်သည့်သဘောတူညီချက်ကိုမဆို ဖြစ်နိုင် ရည်ရှိသော စည်းကမ်းချက်များအပေါ်အခြေခံပြီး သေချာ ပေါက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း  ဤ ကိစ္စ နှင့် ပတ်သက်ပြီး ထုတ်ပြန်ထား သည့်အကြောင်းအရာ ကို  ကျွန်ုပ်တို့စိတ်မပူ ကြောင်း ကာတာ နှင့် အီဂျစ်ရှိ ကျွန်ုပ်တို့၏ ညီအစ်ကိုများသည် ၎င်း သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကို ကြေငြာသွားမည် ဖြစ်ကြောင်း ဟားမတ်စ်ခေါင်းဆောင် အေဇသ် အလ် ရရှ်က် မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြီးသတ်ပြီး နောက်နာရီအနည်းငယ်အတွင်း ကြေညာ နိုင်ဖွယ်ရှိကြောင်း အေဇသ် အလ် ရရှ်က် က ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီအစိုးရနှင့် အထူးသဖြင့် ဤအစိုးရ၏ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ယခင်က အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် အတားအဆီးများ ရှိခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ ၏ ကြံ့ကြံ့ ခံမှုကြောင့် အပစ်အခတ်ရပ်စဲရေးကို  သဘောတူလာကြောင်း သဘောတူ ချက်တွင် တော်လှန်ရေး ကြံ့ ခံ အဖွဲ့ များ အားလုံး ပါဝင်ကြမည် ဖြစ်ကြောင်း အေဇသ် အလ် ရရှ်က် က ဆက်လက်  ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး ဇီယွန်ဝါဒီ အကျဉ်းထောင်များမှ ပါလက်စတိုင်း အကျဉ်းသားများ လွတ်မြောက်ရေးနှင့်အတူ သိမ်းပိုက်ထားသော အစိုးရ၏ အကျဉ်းသားများ လွတ်မြောက်ရေးသည် ပြတ်သားစွာ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း အပစ်အခတ်ရပ်စဲရေးသဘောတူရင်  ကျွန်ုပ်တို့ လည်း လက်ခံနိုင်မည် ဖြစ်ကြောင်း ကျွန်ုပ် တို့၏ ပန်းတိုင်ရောက် မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး အေဇသ် အလ် ရရှ်က် အစ္စရေးတို့ သည် ကျွန်ုပ်တို့ ၏ ခုခံ ကာကွယ် ရေးဆန္ဒကို အားနည်း သွားစေရန် အတွက် စေ့စပ်ညှိနှိုင်းမှုများ ကို အကြောင်း ပြ ပြီး ကျူးလွန်မှုများ ကို ပြုနေကြောင်း သူတို့ ထင်ထား သလို  ဖြစ်လာနိုင် ဖွယ် မရှိကြောင်း တစ်ချိန်  တည်းမှာပင် စာချုပ်၏  အသေးစိတ်အချက် အလက်များ ကို ထုတ်ဖော် ပြောကြား မည်မဟုတ်ကြောင်း မကြာမီ ကြေညာဖွယ်ရှိကြောင်း  ကာတာနိုင်ငံ တွင် ပြုလုပ်နေ သည့်  စေ့စပ် ညှိနှိုင်းမှုများ ကို အပြီး သတ်ပြီးနောက် ကြေညာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251