အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၃ နိုဝင်ဘာ ၂၀၂၃

၁၄:၂၁:၁၄
1414284

အပစ် အခတ်ရပ်စဲရေး အကောင် အထည်ဖော်မည့် အချိန်ကို မသိရသေးပါ /ဟားမတ်စ်ခေါင်းဆောင်များကို ရှာဖွေရေး သည် ပထမဦးစားပေးဖြစ်ပါတယ် / ဇီယွန်စစ်တပ် ပြောရေး ဆိုခွင့် ရှိသူ

စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အကျဉ်းသားလဲလှယ်ရေး သဘော တူညီပြီးကြောင်းနှင့် ကျွန်ုပ်တို့ လိုက်နာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဂါဇာရှိ ဟားမတ်စ် ခေါင်းဆောင် များကို ရှာဖွေခြင်းသည် ပထမဦးစား ပေးဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန နှင့် Al Jazeera သတင်းဌာန ၏ သတင်း အထောက် အထားများ အရ ဂါဇာ ကမ်းမြောင်ဒေသရှိ အခြေအနေကို ပြန်လည်သုံးသပ်ပြီး အကြီးတန်းအရာရှိများအကြား သဘော တူညီမှုရရှိ ပြီးနောက် အကျဉ်းသား လဲလှယ်ရေးဆိုင်ရာ ဟားမတ်စ်နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ၊ သဘော တူညီချက်ကို လိုက်နာမည် ဖြစ်သော်လည်း အကောင်အထည်ဖော်ရန် အချိန်ယူရဖွယ်ရှိ ကြောင်း  စစ်သွေးကြွ နယ်ချဲ့ အစ္စရေး စစ်တပ် ပြောရေး ဆိုခွင့်ရှိ သူ ဒယ်နီရယ် ဟာဂါရီက ပြောကြားခဲ့ပါတယ်။

အကျဉ်းသား လဲလှယ်ရေး လုပ်ငန်းစဉ်များ မပြီးပြတ်သေးသော်လည်း ယနေ့ညတွင် ဂါဇာရှိ ဟားမတ်စ်များ၏ မြေအောက် အဆောက်အဦများဆိုင်ရာ အရေးကြီးသော အချက်အလက်များကို ရရှိထားကြောင်း ဟာဂရီက ပြောကြားခဲ့ပါတယ်။

Al Shifa ဆေးရုံကို ပြင်ပ ကမ္ဘာနှင့် ဆက်သွယ်ထား သည့် ဥမင်လှိုဏ်ခေါင်းနှစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ယခုအချိန်အထိ သေဆုံးခဲ့သည့် ဇီယွန်ဝါဒီစစ်သား ၃၉၂ ဦး၏ အချက်အလက်များကို မိသားစုများထံ ပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်ခေါင်းဆောင်များကို နောက်အဆင့်တွင် လိုက်ရန်မှာ ကျွန်ုပ်တို့၏ ဦးစားပေးဖြစ်ကြောင်း ၊ အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့ပါတယ်။

ဂါဇာရှိ မြေအောက်ဥမင်လိုဏ်ခေါင်းများကို ဖျက်ဆီးရန် ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ ကြိုးပမ်းနေကြောင်း ၎င်းမှ  ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251