အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၃ နိုဝင်ဘာ ၂၀၂၃

၁၄:၃၁:၄၇
1414286

အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး တွင် ဟားမတ်စ် က ဇီယွန်အစိုးရ ကို နှိမ့်ချနိုင် ခဲ့ ပါတယ် / ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး တွင် ဟားမတ်စ် အနေဖြင့် အစ္စရေး ဇီယွန်အစိုးရ ကို နှိမ့်ချ နိုင်ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


Sahar News ၏ သတင်း အထောက်အထား များ အရ အာရှနှင့် မသန် စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပြီး အခြားအား ကစားနယ်ပယ်များတွင် အီရန်၏နာမည်ကျော်ကြားသည့် အားကစား သမားများနှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် ဗုဒ္ဓဟူးနေ့ တွင် တွေ့ဆုံခဲ့ပါတယ်။

ဤ အခါသမယမှာ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ပါလက်စတိုင်း၏ နောက်ဆုံးအခြေအနေတွေကို မိန့်ကြား ခဲ့ပြီး ပါလက်စတိုင်း၏ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကစားသမားတွေကို  အစ္စရေး ဇီယွန် အစိုးရ နှင့် ပတ်သက်ပြီး စကား တစ်ခွန်း ပြောရမည်ဆိုလျှင် အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး တွင် ဟားမတ်စ် အနေဖြင့်   အစ္စရေး ဇီယွန်အစိုးရ ကို နှိမ့်ချ နိုင်ခဲ့ကြောင်း  ဆိုပြီး မိန့်ကြားခဲ့ပါတယ်။

ဟားမတ်စ်သည် အစိုးရ လည်း မဟုတ်၊ နိုင်ငံလည်းမဟုတ်၊ အရင်းအမြစ်များမရှိသော်လည်း အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး စစ်အင်အားနှင့် ပစ္စည်းကိရိယာများရှိနေသည့် နယ်ချဲ့  ဇီယွန်ဝါဒီအစိုးရကို နှိမ့်ချ နိုင် ခဲ့ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အဖိနှိပ်ခံ ပါလက်စတိုင်းနိုင်ငံကို ကာကွယ်ရေးအတွက် လည်ပင်းတစ်ဝိုက်မှာ ပဝါ (သို့) ပါလက်စတိုင်း သင်္ကေတပါတဲ့ ပဝါကို ၀တ်ဆင်ပြီး ကွင်းကို လာခဲ့ကြ သည့် အမျိုးသားအသင်း နှင့် အားကစားသမားအားလုံး ကို ပြီးနောက် ပါလက်စတိုင်းကို တစ်နည်းမဟုတ်တစ်နည်း ထောက်ခံကြောင်း ကြေညာပြီး ဂါဇာကမ်းမြောင်က ကလေးများ နှင့် ဇီယွန်နစ်အစိုးရ၏ ဗုံးကြဲခံရသော ဆေးရုံမှ အာဇာနည်များအတွက် မိမိ တို့၏ ဆုတံဆိပ်များ လှူဒါန်းခဲ့ ကြသည့် အားကစား သမားများ ၊ ဇီယွန်ဝါဒီအစိုးရ၏ ကစားသမားများ နှင့် ကစားရန် ငြင်းဆန်ခဲ့ကြ  သည့် အားကစားသမားများ ကို ကျေးဇူးတင်ရှိကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဤကစားသမားများ မည်သို့မည်ပုံ အချိန်နှင့်တပြေးညီ လုပ်ဆောင်ခဲ့သည်ကို ယနေ့တွင် သိရှိရခြင်းဖြစ်ပြီး ၎င်းတို့၏ ရိုးသားမှုသည် ယခင်ကထက် ယနေ့ ပိုမိုရှင်းလင်းလာကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251