အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၃ နိုဝင်ဘာ ၂၀၂၃

၂၀:၂၄:၄၉
1414413

အစ္စရေးတပ်များသည် ဂါဇာကမ်းမြောင်တွင် ရေရှည်အပစ်အခတ်ရပ်စဲရေးကို လိုလားပြီး ယာယီသဘော ကို မလိုလား ကြချေ

ဇီယွန်နစ်သတင်းစာ၏ ဖော်ပြချက်အရ နယ်ချဲ့ အစ္စရေးစစ်သားများသည် ဂါဇာတွင် ယာယီမဟုတ်ဘဲ ရေရှည်အပစ်အခတ်ရပ်စဲရေးကို ရှာဖွေနေခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahartv သတင်းဌာန၏ သတင်း အထောက်အထား များ အရ ဇီယွန်နစ်သတင်းစာ Yediot Aharonot က အစ္စရေးစစ်သားများသည် ဂါဇာတွင် ကာလကြာရှည် အပစ်အခတ်ရပ်စဲရေးကို လိုလားပြီး ဂါဇာတွင် ဆက်နေရန် ဆန္ဒမရှိဟု ရေးသားထားပါတယ်။

Fars သတင်းဌာန၏အဆိုအရ Zionist သတင်းစာ Yediot Aharonot က ဇီယွန်အစိုးရခေါင်းဆောင်များသည် ဂါဇာကမ်းမြောင်ဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသည်ထက် ပိုရှည်သော အပစ်အခတ် ရပ်စဲရေးကို တစ်နည်း အား ဖြင့် ရေရှည် အပစ်အခတ် ရပ်စဲရေးကို  ထူထောင်ရန် ကြိုးပမ်းနေကြသည်ဟု ကြာသပတေးနေ့တွင် ရေးသားခဲ့ပါတယ်။

ဤဇီယွန်နစ်သတင်းစာ၏အဆိုအရ နေတန်ယာဟုနှင့် ဇီယွန်အစိုးရ၏ ကာကွယ်ရေး ဝန်ကြီး  Yoav Gallant တို့သည် အနည်းဆုံး ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို လိုလားကြပါတယ်။

နယ်ချဲ့ အစ္စ‌ရေး ဇီယွန်များ ခန့်မှန်းချက်များအရ ယာယီအပစ်အခတ်ရပ်စဲရေး အောင်မြင်ပါက စစ်ပွဲ၏ ပြင်းထန်မှု သည် လွန်ခဲ့သည့်လေးဆယ့်ရှစ်ရက်ကကဲ့သို့ ဆက်လက်တည်ရှိနေမည်မဟုတ်ကြောင်း ဖြစ်ပါတယ်။

****************************************************************

END / 251