အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၄ နိုဝင်ဘာ ၂၀၂၃

၁၄:၁၈:၃၄
1414485

လက်ဘနွန်၊ အီရတ်နှင့် ယီမင်နိုင်ငံတို့မှ ခုခံ တိုက်ခိုက်ရေးသမားများအား ကျေးဇူးတင်ရှိကြောင်း အလ်ကစာမ် တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ မှ ပြောကြား

အလ်ကစာမ် တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ အဘူ အိုယိုင်းဒဟ် မှ အီရတ်၊ လက်ဘနွန် နှင့် ယီမင်ရှိ ခုခံ တော်လှန်ရေး အဖွဲ့အစည်းများ အား အမေရိကန် နှင့် အစ္စရေး ဇီယွန်နစ်အစိုးရအား ဆန့်ကျင်သည့် လုပ်ရပ်များအတွက် ကျေးဇူးတင်ရှိကြောင်း အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး အပြီးတွင် အစ္စရေး ဇီယွန်ဝါဒီ တြိ့၏ သံချပ်ကာယာဉ် ၃၃၅ စီး ပျက်စီးသွားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ အဆိုအရ ဟားမတ်စ်အဖွဲ့ခွဲတစ်ခုဖြစ်သည့် အလ်ကစာမ် တပ်မဟာ ၏ ပြောရေးဆိုခွင့်ရှိသူ အဘူ အိုယိုင်းဒဟ် မှ အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး စတင်ချိန်မှ ၄၈ ရက်ကြာခဲ့ပြီ ဖြစ်ပြီး ပါလက်စတိုင်းလူငယ်များသည် ရန်သူ အစ္စရေး ဇီယွန်ဝါဒီများကို ဆက်လက်ခုခံနေကြဆဲဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။

၎င်းမှ ဆက်လက်ပြီး ဂါဇာတွင် ဇီယွန်ဝါဒီများ ထိုးစစ်ဆင်ပြီးနောက် စုစုပေါင်း သံချပ်ကာယာဉ် ၃၃၅ စီး ပျက်စီးခဲ့ပြီး ရန်သူကို ဆိုးရွားစွာ ပျက်စီးစေခဲ့ကြောင်း ပြီးခဲ့သည့် ၇၂  နာရီအတွင်း မိုဂျာဟစ်ဒ်ဒီးန် များ သည် ၎င်းတို့၏ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ရန်သူ ၏ ယာဉ် ၃၃ စီး ဖျက်ဆီး နိုင်ခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။

ပြီးခဲ့သောနေ့တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် အယ်လ်သဝါမ် ဒေသရှိ အစ္စရေးစစ်ယာဉ်တစ်စီးပေါ်မှ ဆင်းလာပြီးနောက် မူ မိုဂျာဟစ်ဒ်ဒီးန် များ ကို ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးစစ်သားငါးဦး သေဆုံးခဲ့ပြီး ရန်သူစစ်သားများသည် ဘိုက်သို ဟာနွန် တွင် ဗုံးများဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

Rantisi ဆေးရုံ အရှေ့ဘက် ဧရိယာ ရှိက်ခ်ရေဇ်ဝန် တွင် အလ်ကစာမ် ၏ စစ်သားများသည် ကင်းလှည့်နေသော အစ္စရေး ဇီယွန်ဝါဒီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ဇီယွန်ဝါဒီ စစ်သား ၈ ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း အဘူ အိုယိုင်းဒဟ် မှ ပြောကြားခဲ့ပါတယ်။

ဂါဇာကို ထိုးစစ်ဆင်ပြီးနောက် အရပ်သားများကို သတ်ဖြတ်ခြင်းမှလွဲ၍ ရန်သူသည် အောင်မြင်မှုတစ်စုံတစ်ရာ မရရှိခဲ့ဟု အဘူ အိုယိုင်းဒဟ် မှဆက်လက်  ပြောကြားခဲ့ပါတယ်။

ရန်သူက စစ်ပွဲကို ဆက်လုပ်ချင်ရင် ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိကြောင်း ၊ အပစ်အခတ် ရပ်စဲရေးကို အစကတည်းက ကျနော်တို့က အဆိုပြုခဲ့ပြီး ရန်သူက သူတို့ရဲ့ ရည်မှန်းချက်တွေကို အင်အားသုံးပြီး အောင်မြင်စေချင်လိုကြောင်း ဂါဇာကမ်းမြောင်ဒေသက အပြစ်မဲ့ပြည်သူတွေကို ထောက်ခံ အားပေး နေတဲ့ အနောက်ဂျော်ဒန်က ပါလက်စတိုင်းတွေကို အလေးပြုကြောင်း ယီမင်၊ အီရတ်နှင့် လက်ဘနွန်ရှိ တက်ကြွသော  ခုခံ ရေး ကြံ့ကြံ့ခံ တော်လှန်ရေးအဖွဲ့အစည်းများအား ကျေးဇူးတင်ရှိကြောင်း အလ်ကစာမ် တပ်မဟာ ၏ ပြောရေး ဆိုခွင့်ရှိသူ အဘူ အိုယိုင်းဒဟ် မှ ပြော ကြားခဲ့ပါတယ်။

****************************************************************

END / 251