အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၄ နိုဝင်ဘာ ၂၀၂၃

၁၄:၃၁:၅၄
1414487

ဂါဇာကမ်းမြောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် မကြုံစဖူးပင် ဖြစ်ပါတယ် / အန်တိုနီယို ဂူတာရက်စ်

ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဇီယွန်ဝါဒီတွေရဲ့ ရန်စမှုတွေနဲ့ လွန်ခဲ့တဲ့ တစ်လ ခွဲ အတွင်း ကလေးသူငယ်တွေနှင့် အမျိုးသမီးတွေကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အတွက် စိတ်မကောင်းကြောင်း ဂါဇာကမ်းမြောင်ဒေသရဲ့ အဖြစ်ဆိုးဟာ မကြုံစဖူး ကြုံစဥ အဖြစ်အပျက် ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်းအထောက်အထားများ အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရှင်းရှင်းလင်းလင်း ပြောရရင် အပြစ်မဲ့ ကလေးသူငယ် ထောင်ပေါင်းများစွာဟာ ပြီးခဲ့ တဲ့ သီတင်းပတ် အနည်းငယ် အတွင်း အသက်ဆုံးရှုံးခဲ့ရပြီး သာမန် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို မျက်မြင်တွေ့ခဲ့ရတာ စံချိန် ကျော် နေပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသော်လည်း ကုလသမဂ္ဂ တာဝန်ရှိသူများက အမေရိကန်၏ မူဝါဒများကို ထောက်ခံသည့် အခြေအနေတွင် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှု ဖြစ်ပွားနေရသသည့် အတွက် ကြောင့် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာရှိ ဟားမတ်စ် လှုပ်ရှားမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုကို အကြောင်းပြ၍ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး  ဇီယွန်ဝါဒီ အစိုးရသည် အပြစ်မဲ့ ဖိနှိပ်ခံ အရပ်သားများ အထူးသဖြင့် ကလေးများနှင့် အမျိုးသမီးများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။

သို့သော်လည်း နိုင်ငံတကာမီဒီယာများ မြန်မာ စကားသုံး ဗီအိုအေ ၊ ဘီဘီစီ ၊ ဒီဗီဘီ စသည်တို့ သည် အမေရိကန် နှင့် အနောက်နိုင်ငံများ၏ မူဝါဒများကို ထောက်ခံသည့် အခြေအနေတွင် ဤသမိုင်းဝင် အရပ်သား များ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကို အစ္စရေး ၏ ခုခံကာကွယ်ပိုင်ခွင့်အဖြစ် ဆက်လက် အဓိပ္ပာယ်  ဖွင့်ဆို နေကြပြီး လူ အခွင့် အရေး ချိုးဖောက်မှု အကြမ်းဖက်မှု စစ်သွေးကြွမှု ကို  အားပေး နေကြ ကြောင်း ဝမ်းနည်း စွာ သိရှိ ရပါ တယ်။

****************************************************************

END / 251