အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၅ နိုဝင်ဘာ ၂၀၂၃

၁၅:၅၄:၃၃
1414810

ရှိက်ခ် မဲဟ်မူဒ် ရှဟာသ် အန်နဝရ် ၏ ပါလက်စတိုင်းတို့ အား ကုရ်အာန်သတင်း စကား + ဗီဒီယို

ရှိက်ခ် မဲဟ်မူဒ် ရှဟာသ် အန်နဝရ် မှ ဂါဇာကမ်းမြောင်ပြည်သူတွေကို စာနာကြောင်း ဗီဒီယို မက်ဆေ့ချ်မှာ ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန ၏ သတင်း အထောက်အထား များ အရ အလ်ဒက်စ်သူရ် သတင်းဌာန၏ ဖော်ပြချက်အရ နိုင်ငံတကာ အီဂျစ် ကာရီ  ရှိက်ခ် မဲဟ်မူဒ် ရှဟာသ် အန်နဝရ် သည် ပါလက်စတိုင်းပြည်သူများအပေါ် စာနာကြောင်း ပြောကြားခဲ့သည့် ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်ခံရပြီးနောက် ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။

Facebook နှင့် Instagram တို့တွင် ပျံ့နှံ့သွားခဲ့သော ဤဗီဒီယိုမက်ဆေ့ချ်တွင် ဂါဇာကမ်းမြောင်ဒေသ၏ ရက်စက်ကြမ်းကြုတ်မှုပုံများကို ၎င်းတို့၏နောက်ခံတွင် မြင်တွေ့နိုင်ပါတယ်။  စူရဟ် ဟဂျ် ၏အာယသ်တော်  ၃၈ မှ ၄၀ အထိ အလ်အက်ဆွာ ဗလီ ဝတ်ကျောင်း တော် တွင် သေလာဝသ် ပြု ထားသည့် သံကို ကြားနိုင်ပါ တယ်။  သေလာဝသ်ပြုထားသည့် အာယသ်တော်များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

إِنَّ اللَّهَ يُدَافِعُ عَنِ الَّذِينَ آمَنُوا إِنَّ اللَّهَ لَا يُحِبُّ كُلَّ خَوَّانٍ كَفُورٍ ﴿۳۸﴾ أُذِنَ لِلَّذِينَ يُقَاتَلُونَ بِأَنَّهُمْ ظُلِمُوا وَإِنَّ اللَّهَ عَلَى نَصْرِهِمْ لَقَدِيرٌ ﴿۳۹﴾ الَّذِينَ أُخْرِجُوا مِنْ دِيَارِهِمْ بِغَيْرِ حَقٍّ إِلَّا أَنْ يَقُولُوا رَبُّنَا اللَّهُ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُمْ بِبَعْضٍ لَهُدِّمَتْ صَوَامِعُ وَبِيَعٌ وَصَلَوَاتٌ وَمَسَاجِدُ يُذْكَرُ فِيهَا اسْمُ اللَّهِ كَثِيرًا وَلَيَنْصُرَنَّ اللَّهُ مَنْ يَنْصُرُهُ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ ﴿۴۰﴾

အာယသ်တော်များ ၏ အဓိပ္ပာယ်

“ ဧကန် မုချ အလ္လာဟ် ဟို အရှင်မ့တ်သည် သက်ဝင် ယုံကြည်သူများကို အကာအကွယ်ပေးတာ်မူပါသည်။  အကြောင်းမှာ အလ္လာဟ် ဟို အရှင်မြတ် သည် သစ္စာဖောက် များ ကို မနှစ်သက်တော် မူသည့် အတွက် ကြောင့် ဖြစ်ပါသည်။  (၃၈) (ယခုမူ)တိုက်ခိုက်မှုခံနေကြရသည့်သူများသည် (ခုခံတိုက်ခိုက်) ခွင့် ရရှိပြီဖြစ် ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် နှိပ်စက်မှုကို ခံခဲ့ကြရပါသည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ် ဟို အရှင်မြတ်သည် သူတို့အား အောင်နိုင်မှု ကို ပေးနိုင်တော်မူသည့် အရှင်ပင် ဖြစ်တော်မူသည်။ (၃၉) ထိုသူများသည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်ဟု ပြောဆိုသည်မှလွဲ၍ (အခြား မည်သည့်အကြောင်းမှမရှိဘဲ) သူတို့၏နေအိမ်များမှ မတရားနှင်ထုတ်ခြင်းကို ခံခဲ့ကြရပါ သည်။ ထို့ပြင် အကယ်၍ အလ္လာဟ်ဟို အရှင်မြတ်သည် အချို့ ကို အချို့ အပေါ် ခုခံကာကွယ်တော်မူခြင်းမရှိခဲ့လျှင်၊ ခရစ်ယာန် ဝတ်ကျောင်းတော်များ၊ ဗလီဝတ်ကျောင်းတော်များ၊ ယဟူဒီ(ဂျူး) ဝတ်ကျောင်းတော်များ စသည်တို့သည် ဖြိုဖျက် သွားပေမည်။ ဧကန် မုချ  အလ္လာဟ်အရှင်မြတ်၏နာမတော်ကို များစွာ ရွတ်ဆိုနေကြသော မွတ်စ်လင်မ်များ၏ဗသည် ဖြိုဖျက်ခြင်းခံကြရမည် အမှန်ပင် အလ္လာဟ် ဟို အရှင်မြတ်သည် မိမိ ၏ သာသနာ့ အား ကူညီသည့်သူကို အမှန်ပင် ကူညီတော်မူမည် ဖြစ်သည်။ အကြောင်းမှာ  အလ္လာဟ်ဟို အရှင်မြတ်သည် မုချ အလွန်အင်အားကြီးတော်မူသောအရှင်၊ တန်ခိုးတော်နှင့် အလွန် လွမ်းမိုး တော်မူသောအရှင် ဖြစ်တော်မူပါ သည်။ (၄၀)

****************************************************************

END / 251