အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၅ နိုဝင်ဘာ ၂၀၂၃

၁၇:၅၉:၂၉
1414835

အပစ်အခတ်ရပ်စဲရေးကို အလေးထား လိုက်နာ ရန် တိုက်တွန်း / အီစ္စမာအီ ဟနီယေဟ်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ လိုက်နာနေသရွေ့ ဒီသဘောတူညီချက်ကို လိုက်နာရမယ်ဆိုတဲ့အကြောင်း ဟားမတ်စ်အဖွဲ့ခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် က ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်များ အရ ဟားမတ်စ်အဖွဲ့ခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် က ပြောပါတယ်။ ကြီးမား ပါလက်စတိုင်းလူမျိုး သည် မိမိတို့ ၏ဇွဲလုံ့လဖြင့် စစ်ပွဲသမိုင်းကို ဖန်တီးခဲ့ပြီး ကျွန်ုပ်တို့၏ မိုဂျာဟစ်ဒ်ဒီးန် များ သည် ရန်သူကို တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်ုပ် တို့သည် ရန်သူကို ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်ပြီး သူ၏အလိုကို ချိုးဖျက်ကာ သူ၏အကြံအစည်များကို ပျက်ပြားစေခဲ့ ပါတယ်။

ရန်သူသည် စစ်သုံ့ပန်းများကို လက်နက်ဖြင့် သတ်ဖြတ်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်းများကို ပြုလုပ်ခြင်း ဖြစ် ပြန်လည်ရယူမည်ဟု အပိုင် တွက်ထားသော လည်း ကြံ့ကြံ့ခံ ခုခံမှုကြောင့် ၎င်းတို့ မနိုင်သည့် အဆုံး အပစ် အခတ်ကို ရပ်စဲ နေရသည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးမှာ ကျနော်တို့ရဲ့ ရဲရင့်တဲ့နိုင်ငံတော်ရဲ့ သန္နိဋ္ဌာန်က အဆုံးအဖြတ်ပါပဲ။ ကျွန်ုပ်တို့၏ ကာတာနှင့် အီဂျစ်ညီအစ်ကိုများ၏ ကြီးကြပ်မှုအောက်တွင် ကျွန်ုပ်တို့သည် ပြင်းထန်သော စေ့စပ်ညှိနှိုင်းမှုများကို စတင်ခဲ့ပြီး တာဝန်နှင့် ဟန်ချက်ညီစွာဖြင့် ရှေ့သို့ ဆောင်သွားခဲ့ကြောင်း ရန်သူဘက်မှ  သဘောတူညီချက်နှင့် ချည်နှောင်ထားသရွေ့တော့ ဤ သဘောတူညီချက်ကို လိုက်နာသွားမည် ဖြစ်ကြောင်း ကို   ကျနော်တို့ ရှင်းရှင်း လင်းလင်း ပြောထားချင်ပါသည် ဟု ဟားမတ်စ်အဖွဲ့ အကြီးအကဲ အီစ္စမာအီ ဟနီယေဟ် က ပြောပါ တယ်။

အီစ္စမာအီ ဟနီယေဟ် မှ ကာတာ နှင့် အီဂျစ်တို့ အား ကျေးဇူးတင်ရှိကြောင်း၊ ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများရရှိရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်ရန် ပြီးနေက်ကြိုးပမ်း ပေးသူများ အား လုံးကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းလူမျိုး၏ စည်းလုံးညီညွတ်မှုကို အလေးထားပြီး ပါလက်စတိုင်းလူမျိုးများ၏ ဂါဇာ၊ သိမ်းပိုက်ခံ ထားရသည့် ဂျေရုဆလင် နှင့် ပါလက်စတိုင်းဒေသအားလုံးသည် လွတ်လပ်ရေး လှုပ်ရှား မှု တိုက်ပွဲတွင် ပါဝင်ကြောင်း လက်ဘနွန်၊ ယီမင်နှင့် အီရတ်ရှိ  ခုခံ ကြံ့ခံရေး အဖွဲ့များကို ကျေးဇူးတင်ကြောင်း ဟားမတ်စ် ခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် က ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251