အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၆ နိုဝင်ဘာ ၂၀၂၃

၂၀:၂၁:၀၇
1415079

ဟားမတ်စ်သည် အစ္စရေး၏ ကျောရိုးကို ချိုးဖျက် လိုက်ပါတယ် / တီဟီရန် မြို့ နမာဇ် ဇေ ဂျူမ်အဟ် ရှေ့ဆောင် ဆရာ

တီဟီရန် မြို့ ၏ နမာဇ် ဇေ ဂျူမ်အဟ် ရှေ့ဆောင်ဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကာဇင်းမ် ဆစ်ဒ်ဒီကီး မှ သောကြာခွတ်သ်ဗဟ် တွင် လူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ နေရာတိုင်းမှာ ဘစီးဂျီ (بسیجی) ရောက်ရှိ ကြောင်း အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး တွင် ဟားမတ်စ် တို့အနေ ဖြင့် အစ္စရေး ၏ ခါး ကိုချိုးဖ ဖျက်လိုက် သည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ သတင်းထောက် အဆိုအရ တီဟီရန်တွင် နမာဇ် ဇေ ဂျူမ်အဟ်  ခွသ်ဗဟ် မိန့်ကြားစဉ် တီဟီရန် မြို့ ၏ နမာဇ် ဇေ ဂျူမ်အဟ်  ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကာဇင်းမ် ဆစ်ဒ်ဒီကီး  မှ ဘစီးဂျီ  (بسیجی) ပတ်သက် ၍ စနေနေ့က ပြောကြားရာတွင် Basij သည် ဖိနှိပ်ခံရသူ တစ်ဦးကို မြင်ပြီး အဖိနှိပ်ခံများကို ထောက်ပံ့ရန် ၎င်း၏ တာဝန်ရှိသည်ဟု ခံစားရကြောင်း မိန့်ကြားခဲ့သည်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကာဇင်းမ် ဆစ်ဒ်ဒီကီး  မှဆက်လက်ပြီး ဘစီးဂျီ  (بسیجی) သည် လူသတ်သမားများ မတရားဖိနှိပ်သူများ ၏ ရှေ့တွင် ခေါင်း မော့ ရပ်ကြပြီး အလ္လာဟ် ဟိုအရှင်မြတ် ရှေ့တော်မှောက် တွင် ခေါင်းကို ညွတ် ကြသူများ ဖြစ်ကြကြောင်း သီလသမာဓိ ရှိသူ သည် ဘဆီရသ် (အတွင်း မျက်စိ) ရှိသည့် အတွက် ရန်သူ၏ လှည့်ဖျား မှု တွင် မရောက်ကြောင်း ပြီးသီလသမာဓိရှိသူ သည် မိမိ ၏ အရင်းအနှီး ကို မည်သည့် အခါ မှ မဖြုန်းတီးကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကာဇင်းမ် ဆစ်ဒ်ဒီကီး  မှ ယနေ့ ပါလက်စတိုင်း နှင့် ဂါဇာ သည် ကမ္ဘာ့ အရေး ကြီး သော အကြောင်းအရာ ဖြစ်လာ ကြောင်း လွန်ခဲ့သည့် ၄၈ ရက်အတွင်း ခံနိုင်ရည်ရှိမှု၊ အစ္စလာမ်ခုခံရေး တပ်သားများ ၏ ဇွဲလုံ့လ နှင့်ရဲစွမ်းသတ္တိ ကို မြင်ရ၍ အလ္လာဟ်အရှင်မြတ်၏ ကတိတော်များ ပြည့်လာသည် ကို မြင်တွေ့လာ ရကြောင်း မိန့်ကြားခဲ့ပါတယ်။

တီဟီရန် မြို့ နမာဇ် ဇေ ဂျူမ်အဟ် ရှေ့ဆောင် ဆရာ မှ  ဂါဇာတွင် အလွန် ကောင်းမွန်ပြီး ဘာသာရေး တန်ဖိုးများ ပြသမှုရှိကြောင်း အီရန်နိုင်ငံမှ စတင်ခဲ့သော အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းတော် (ရှီအဟ် မဇ်ဟဗ်) သည် ပထဝီဝင်နယ်နိမိတ်များကို ဖြတ်ကျော်ကာ ကမ္ဘာ့ဒေသအသီးသီးသို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း ဆက်၍ မိန့်ကြားခဲ့ ပါတယ်။

အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး အတွင်း ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ အဆိုအမိန့် အရ  အစ္စရေး  ဇီယွန်ဝါဒီအစိုးရအား အချိန်တိုအတွင်း ရှုံးအောင် ပြု နိုင်ခဲ့ကြောင်း    ခုခံ‌ရေး တပ်အနေဖြင့် နေ့တစ်ဝက်အတွင်း အစ္စရေး ဇီယွန်အစိုးရအား နည်းပညာပိုင်းဆိုင်ရာ ထိုးနှက်နိုင်ခဲ့ ကြောင်း  တီဟီရန် မြို့ ၏ နမာဇ် ဇေ ဂျူမ်အဟ်   ရှေ့ဆောင် ဆရာမှ ထပ်လောင်း မိန့်ကြားခဲ့ပါတယ်။

အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများမှ အုပ်စိုးရှင်များသည် ဇီယွန်ဝါဒီအစိုးရနှင့် စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြသော်လည်း  ၎င်းတို့၏ အကူအညီများ အထောက်အပံ့  များသည့် မည်သည့် အဆင့်အတန်းမျှ မရှိကြောင်း အကြောင်း မှာ  ရုပ်တုများ နှင့် တူသည့် လူသားများ ရှေ့တွင် မိုအ်မင်များ သည် မိမိ၏ အရှင်မြတ် အလ္လာဟ် အပေါ် ယုံကြည် ကိုးစား ကြသည့် အတွက် ကြောင့် ဖြစ်ကြောင်းဤအတွက် မိုအ်မင်များသည် မည်သည့် ကြောက်လန့် ခြင်း မျှမရှိကြကြောင်း ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကာဇင်းမ် ဆစ်ဒ်ဒီကီး  မှထပ်၍ မိန့်ကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကာဇင်းမ် ဆစ်ဒ်ဒီကီး  မှ ဆက်လက်ပြီး အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင်  အချို့သောရက်များတွင် လူ့အခွင့်အရေးကို ထိခိုက်စေသည့် အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုဖြင့် စစ်ရာဇ၀တ်မှုသမိုင်းကို ဖန်တီးခဲ့ပြီး ဖြစ်ကြောင်း သို့သော် ဟားမတ်စ်တွေက အစ္စရေးရဲ့ ကျောကို ချိုးဖျက်ပြီး အမေရိကန်ရဲ့ အရိုးတွေလည်း ကွဲစပြုလိုက်ပြီး ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်သည် အပစ်အခတ်ရပ်စဲရေးကို မလိုလားသော်လည်း မတတ်နိုင်သည့် အဆုံး လိုလားခဲ့ရကြောင်း ဟားမတ်စ်သည် အပစ်အခတ်ရပ်စဲရေးကို မိမိ ၏သဘောအတိုင်း ညှိနှိုင်းခဲ့ ကြောင်း  ယီမင် ခုခံတော်လှန်ရေး တပ်များ က ဇီယွန်နစ်သင်္ဘောကို သိမ်းပိုက်ပြပြီး ဇီယွန်သက်တမ်း တိုလာပြီးကျဥ်းလာပြီး ဖြစ်ကြောင်း ကို သက်သေ ပြလိုက်ပြီး ဖြစ် ကြောင်း  မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251