အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၉ နိုဝင်ဘာ ၂၀၂၃

၂၀:၀၆:၀၀
1416084

ပါလက်စတိုင်းလူမျိုးတွေ ကို သတ်နေသည့် အစ္စရေး အတွက် မိမိကိုယ်ကို ကာကွယ်ခွင့် မရှိချေ / ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး

ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရေယာဇ် အလ်မလစ်ကီ မှ ပါလက်စတိုင်း ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အစ္စရေးဟာ သူ့ကိုယ်သူ ကာကွယ်ပိုင်ခွင့်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Fars သတင်းဌာန ၏ အဆိုအရ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရေယာဇ် အလ်မလစ်ကီ မှ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို လုံးဝ အပစ်အခတ်ရပ်စဲရေး အနေဖြင့် ဖြည့်စွက်သင့်ပြီး ဂါဇာရှိ ရာဇ၀တ်မှုများ ကို အဆုံးသတ်သင့်သည်ဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကာတာနှင့် အီဂျစ်တို့၏ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း သိမ်းပိုက်ခံ ထားရသည့် ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားမှုကို အဆုံးသတ်သင့်ပြီး ၎င်း၏ နေထိုင်သူများကို ၎င်းတို့၏ နယ်မြေများသို့ ပြန်ခွင့်ပြုသင့်သည်ဟု ပြောကြားခဲ့ပါတယ်။

"အချိန်ကုန်လွန်နေပြီး ဖြေရှင်းနိုင်သော နိုင်ငံရေးပဋိပက္ခသည် အဆုံးမရှိ ဘာသာရေးပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားသည်" ဟု ပါလက်စတိုင်း နိုင်ငံခြား ရေးဝန်ကြီး ရေယာဇ် အလ်မလစ်ကီ သတိပေး ပြောကြားခဲ့ပါ တယ်။

ဆက်လက်ပြီး ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး မှ အနောက်ဘက်ကမ်း မြောက်ပိုင်းဂျနင်းန် တွင် စနိုက်ပါသမားများက ပါလက်စတိုင်း ကလေးငယ်နှစ်ဦး၏ အာဇာနည်ဖြစ်မှုကို ညွှန်ပြပြီး “အောက်တိုဘာလ ၇ ရက်နေ့ကတည်းက အနောက်ဘက်ကမ်းတစ်ခုတည်းမှာ လူ ၂၃၀ သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ လူများ  ဖမ်းဆီး ခံခဲ့ရကြောင်း တင်းမာမှုတွေလည်း တိုးပွားလာနေကြောင်း ” ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251