အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၃၀ နိုဝင်ဘာ ၂၀၂၃

၁၃:၂၁:၄၅
1416252

ယီမင်နိုင်ငံ မှ မိမိတို့ ၏ အကျိုးစီးပွားကို ဆန့်ကျင်သည့် ခြေလှမ်းများ မလှမ်းရန် အမေရိကန်အား ပွင့်လင်းစွာသတိပေး ပြောကြား

ဒေသတွင်းမှာ မိမိတို့နှင့်မဆိုင်ဘဲ ဝင်ရောက် စွက်ဖက်သည့် အမေရိကန် ၏ တိုးမြင့်စွက်ဖက်မှုတွေကြောင့် ယီမင်က အမေရိကန်ကို ပွင့်ပွင့်လင်းလင်း သတိပေး ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

Sahar News ၏ သတင်း အထောက်အထားများ အရ ယီမင်နိုင်ငံ၏ အကျိုးစီးပွားကို ဆန့်ကျင်သည့် တင်းမာမှုများ ပျံ့နှံ့စေရန် မည်သည့် လှုပ်ရှားမှု မဆို သည် စစ်ကြေညာခြင်း ဖြစ်သည်ဟု ယီမင်နိုင်ငံ ထိပ်တန်း နိုင်ငံရေး ကောင်စီ အကြီးအကဲက အလေးပေး ပြောကြားခဲ့ပါတယ်။

Fars News ၏ အစီရင်ခံစာအရ ယီမင်နိုင်ငံရေးကောင်စီ အကြီးအကဲ မဲဟ်ဒီ အလ်မရှာသွ် သည် အမေရိကန် ပြည်ထောင်စုအား သတိပေးခဲ့ပြီး ယီမင်အပေါ် ၎င်း၏ ရန်လိုသော သဘောထားကို ပြောင်းလဲရန် တောင်း ဆိုခဲ့ပါတယ်။

မဲဟ်ဒီ အလ်မရှာသွ် သည် ပါလက်စတိုင်းတို့၏ သူရဲကောင်းဆန်သော လုပ်ရပ်အတွက် ဂါဇာကို မဲဟ်ဒီ အလ်မရှာသွ် ထောက်ခံ အားပေး ခဲ့ကြသော ပါလက်စတိုင်းပြည်သူများနှင့် ကမ္ဘာ့နိုင်ငံအားလုံးကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အလ်မယာဒီးန် ရုပ်သံလိုင်း၏ အဆိုအရ ယီမင်နိုင်ငံရေး ကောင်စီ၏ အကြီးအကဲ က အမေရိကန် ၏ အပြုအမူသည် ဒေသတွင်း အကျိုးစီးပွားကို ဆန့်ကျင်သောကြောင့် ယီမင်အပေါ် ၎င်း၏ ရန်လိုသော သဘောထားကို အခြေခံကျကျ ပြုပြင်ပြောင်းလဲရန် ဝါရှင်တန်ကို တောင်းဆိုထားကြောင်း ပြောကြား ခဲ့ပါတယ်။

ကျွန်ုပ်တို့နိုင်ငံ၏ အကျိုးစီးပွားကို ဆန့်ကျင်သည့် အမေရိကန်၏ ရန်လိုသည့် အပြုအမူမှန်သမျှသည် စစ်ကြေ ညာခြင်းဖြစ်ပြီး ကျွန်ုပ်တို့သည် ၎င်းကို လိုက်လျောညီထွေ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း မဲဟ်ဒီ အလ်မရှာသွ်  မှ ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။

ယီမင်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးကောင်စီ၏ အကြီးအကဲက "စစ်ကုန်သည်တွေကို သတိပေးပြီး စီမံခန့်ခွဲမှု အစီအစဥ်တွေ ရေးဆွဲဖို့နဲ့ အကျဉ်းသားတွေရဲ့ ပြဿနာကို စတင်ဖြေရှင်းဖို့နဲ့ ဆိပ်ကမ်းတွေမှာ ပိတ်ဆို့ အရေး ယူမှုတွေကို ရုတ်သိမ်းပေးဖို့နဲ့ သူတို့ရဲ့ အကောင်အထည်ဖော်မှုကို တောင်းဆိုပါတယ်" ဟု ပြောကြား ခဲ့ပါတယ်။ 

****************************************************************

END / 251