အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၃၀ နိုဝင်ဘာ ၂၀၂၃

၁၃:၂၅:၃၄
1416255

ကမ္ဘာကျော် အိန္ဒိယ ဘောလိဝုဒ်မင်းသမီး သည် ဂါဇာကမ်းမြောင်နှင့် ပါလက်စတိုင်းပြည်သူများ အား မိမိ၏ Award အား လှူဒါန်း

နာမည်ကျော် ဘောလိဝုဒ်မင်းသမီး Rajshri Deshpande သည် ဂါဇာကမ်းမြောင်နှင့် ပါလက်စတိုင်းပြည်သူများ အတွက် မိမိ ၏ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု Award အား လှူဒါန်း ခဲ့ကြောင်းသိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ သတင်း အထောက်အထားများ အရ ဒေလီမှ ရရှိသည့် အစီရင်ခံစာတစ်ခုအရ နာမည်ကျော် မင်းသမီး Rajshri Deshpande သည် ဂါဇာရှိ အာဇာနည် ကလေးငယ်များနှင့် ပါလက်စတိုင်းရှိ နေရာတိုင်းတွင် ရုန်းကန်နေရသော ပြည်သူများအတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု Award အား လှူဒါန်း ခဲ့ကြောင်းသိရှိရပါတယ်။

ဘောလိဝုဒ်မင်းသမီး Rajshri Deshpande သည် တီဗီစီးရီး "Trial by Fire" အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို Filmfare OTT ဆုကို ရရှိခဲ့ ပါတယ်။

Award ဆုပေးဝေခြင်းအခမ်းအနားတွင် ဆုလက်ခံရယူပြီးနောက် မိန့်ခွန်းတိုကို ပြောကြားခဲ့ ပါတယ်။ Rajshri Pandey မှ မိမိ ၏ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု Award အား လက်စတိုင်းနိုင်ငံ၊ ဂါဇာတွင် ဖြစ်ပွားနေသောစစ်ပွဲတွင် အသက်ဆုံးရှုံးခဲ့ရသောအပြစ်မဲ့ပြည်သူများနှင့်အပြစ်မဲ့ ကလေးငယ်များအား လုံး အတွက် လှူဒါန်းသည် ဖြစ်ကြောင်း မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။

ပြီး၎င်းမှဆက်လက်၍ ဒီဆုဟာ တောင်သူလယ်သမားရွာသူရွာသားအားလုံးအတွက်ဖြစ်ပြီး သူတို့ရဲ့ ကျေးရွာတွေမှာ အခြေခံလိုအပ်ချက်တွေကို စောင့်ဆိုင်းနေတဲ့ တောင်သူလယ်သမားတွေအတွက် ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။ ဆက်လက်ပြီး "ကျွန်ုပ်တို့အားလုံး ကမ္ဘာပေါ်မှာ ကိုယ်ချင်းစာနာတတ်သူတွေ ရှာတွေ့ဖို့ မျှော်လင့်ကြောင်း ကမ္ဘာပေါ်ရှိ လူတိုင်းအတွက် မေတ္တာ၊ ကရုဏာနဲ့ ကရုဏာကို ကျွန်တော်တို့ ဒီနေ့နဲ့ နေ့တိုင်း လိုချင်နေတာကြောင့် သူမမှပြောကြားခဲ့ပါတယ်။

****************************************************************

END / 251