အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃ ဒီဇင်ဘာ ၂၀၂၃

၂၂:၂၂:၀၇
1417078

ယီမင်စစ်တပ်သည် ဘာဘိုလ်မွန်ဒတ်ဘ် ရေလက်ကြားရှိ အစ္စရေး သင်္ဘောနှစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ + ဗီဒီယို

ယီမင်စစ်တပ်သည် ဘာဘိုလ်မွန်ဒတ်ဘ် ရေလက်ကြားရှိ ဇီယွန်အစိုးရ၏ သင်္ဘောနှစ်စင်းကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ယဟ်ယာ စရီး က ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ အလ်မစီရဟ် ချန်နယ်သည် ဂါဇာတွင် ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် အစ္စရေး သင်္ဘောနှစ်စင်းကို ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များအရ ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ယဟ်ယာ စရီး က အစ္စရေးပိုင်ဆိုင်သည့် Unity Explorer နှင့် Nambarnain သင်္ဘောနှစ်စင်း သည် ဘာဘိုလ်မွန်ဒတ်ဘ် ရေလက်ကြားရှိ ကိုဖြတ်သွားစဉ် တိုက်ခိုက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ယဟ်ယာ စရီး  ၏ ပြောကြားချက်အရ သင်္ဘောတစ်စင်းကို ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ပြီး နောက်တစ်ဦးမှာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။တိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ ပါလက်စတိုင်းပြည်သူများအပေါ် စာနာကြောင်း ဖော်ပြရန်ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအား ဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုများ မရပ်တန့်မချင်း ပင်လယ်နီနှင့် အာရေဗျပင်လယ်ရှိ အစ္စရေးသင်္ဘောများကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း ၎င်းမှ  အလေးအနက် ပြောကြားခဲ့ပါတယ်။

အစ္စရေးပိုင် သင်္ဘော များသည် ကျွန်ုပ်တို့၏တရားဝင်ပစ်မှတ်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယဟ်ယာ စရီး က သတိပေးခဲ့ပါတယ်။

****************************************************************

END / 251