အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၆ ဒီဇင်ဘာ ၂၀၂၃

၂၀:၃၁:၁၂
1418024

အီရန် ဟဂ်ျ ကိုယ်စားလှယ်အဖွဲ့ မလေးရှား နိုင်ငံသို့ လာရောက်လည်ပတ်မှုသည် ကုရ်အာန်နှင့် ဟဂ်ျ ရေးရာတို့ အကြား ဆက်ဆံရေး ကို အလေးပေး တိုက်တွန်းသည် ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ အီရန် ယဉ်ကျေးမှု ကိုယ်စားလှယ် မှ ပြောကြား

မလေးရှားနိုင်ငံရှိ အီရန် ယဉ်ကျေးမှု ဌာန ၏ အဆို အရ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ ၏ ဟဂျ်ရေးရာ ကိုယ်စားလှယ် H.I နဝါဘ် နှင့် နိုင်ငံတကာ ဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် H.I မီးရ်အဲဟ်မဒ်ဒီ မလေးရှားနိုင်ငံသို့ သွားရောက်လည်ပတ်မှု ပြီးဆုံးခဲ့ပြီး အီရန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Iqna  သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အီရန်နိုင်ငံ ယဉ်ကျေးမှု သံအမတ်ကြီး ဟဘီးဘ် ‌ရေဇာ အရ်ဇာနီ မှ  ကံကောင်းထောက်မစွာပဲ အီရန် နိုင်ငံ နှင့် မလေးရှား နိုင်ငံ တို့အား  ကောင်းမွန်သည့်  ဆက်ဆံရေးရှိပြီး ဆက်ဆံရေးတည်ငြိမ်မှုအပေါ် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်း ပြောကြား ခဲ့ပါတယ်။

အီရန်ယဉ်ကျေးမှုသံအမတ်ကြီး၏ အဆိုအရ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ  ၏  ကိုယ်စားလှယ်တော် အနေဖြင့်  ရက်စ်သူ ကုရ်အာန် ဖောင်ဒေးရှင်းသို့သွားရောက်ခဲ့ပြီး ဂျာကီးမ် ကောင်စီ မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး အဲဟ်လေ့ စွန္နသ် နှင့် အတူ သောကြာ နမာဇ် ဝတ်ပြု တည်ဆောက် ခဲ့ကြပီး သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ)  ၏ ရှဟာဒသ် မဂျ်လစ်တွင် ပါဝင် ခဲ့ကြကြောင်း ဖြစ်ပါတယ်။

ယခုခရီးစဉ်အတွင်း အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ  ၏  ကိုယ်စားလှယ်တော် သည် အမျိုးမျိုးသော အစီအစဉ်များနှင့် အစ္စလာမ့်စင်တာများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံ ရေး နှင့် အဆက်အသွယ်များ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဟဘီးဘ် ‌ရေဇာ အရ်ဇာနီ မှ ပြောကြား ခဲ့ပါတယ်။

မလေးရှားနိုင်ငံရှိ အီရန်နိုင်ငံ ယဉ်ကျေးမှု သံအမတ်ကြီး ဟဘီးဘ် ‌ရေဇာ အရ်ဇာနီ မှ  တခြားအကြောင်း အရာတွေထဲမှာ ပါလက်စတိုင်းပြည်သူတွေရဲ့ ပံ့ပိုး ကူညီမှုကို အသွင်အပြင် အမျိုးမျိုးနှင့် ဆွေးနွေးခဲ့ပြီး မကြာ ခင်မှာ မလေးရှား မှာ အစ္စလာမ့်ပညာရှင်တွေစုဝေးပွဲ ကျင်းပမယ်လို့ မျှော်လင့်ရ ကြောင်း ပြောကြား ခဲ့ပါတယ်။

ဟဂ်ျနှင့် ပတ်သက်၍ ကောင်းမွန်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ အာဏာပိုင်များက ဤ မွတ်စလင်မိ များ စုဝေးမှုကြီးကို ပိုမိုအသုံးချနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251