အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၇ ဒီဇင်ဘာ ၂၀၂၃

၁၂:၀၂:၃၄
1418147

ကျွန်ုပ်တို့အနေဖြင့် ယဟ်ယာအက်စ်စနဝါရ် အိမ်ကို ဝိုင်းရံထားသော်လည်း ထိုအိမ်တွင် ၎င်းမရှိဟု နေတန်ယာဟု မှ ပြောကြား

ဂါဇာရှိ ဟားမတ်စ်ခေါင်းဆောင် ယဟ်ယာအက်စ်စနဝါရ် ၏အိမ်အား အစ္စရေးစစ်သားများက ဝိုင်းရံထားသည်ဟု ဇီယွန်ဝါဒီ အစ္စရေး အစိုးရ ၀န်ကြီးချုပ်က အခိုင်အမာဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News နှင့် Fars News သတင်းအထောက်အထားများအရ ဇီယွန်အစိုးရ၏ ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ဂါဇာရှိ ဟားမတ်စ်ခေါင်းဆောင်၏အိမ်အား စစ်သားများက ဝိုင်းရံထားသည်ဟု ဗီဒီယို မက်ဆေ့ချ်တွင် အခိုင်အမာ ပြောကြားခဲ့သော်လည်း ယဟ်ယာအက်စ်စနဝါရ် သည် မိမိနေအိမ်တွင်မရှိကြောင်း အိမ်မှ အောင်မြင်စွာ ထွက်ခွာ သွားနိုင်ကြောင်း သိရှ်ရပါတယ်။

"ကျွန်ုပ်တို့၏တပ်ဖွဲ့များသည် ဂါဇာကမ်းမြှောင်ရှိ မည်သည့်နေရာကိုမဆို ရောက်ရှိနိုင်ကြောင်း မနေ့က ကျွန်ုပ်ပြောခဲ့ပြီး၊ ယနေ့တွင် ၎င်းတို့သည် ယဟ်ယာအက်စ်စနဝါရ် ၏အိမ်ကို ဝိုင်းရံထားပြီ" ဟု နေတန်ယာဟုက ဗုဒ္ဓဟူးနေ့တွင် ဗီဒီယိုမက်ဆေ့ချ်တစ်ခု၌ ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီအစိုးရ၏ ဝန်ကြီးချုပ်က ၎င်း၏ မိန့်ခွန်းကို ဆက်လက်ပြောကြားပြီး ၎င်း၏အိမ်သည် ၎င်း၏ ခိုလှုံရာမဟုတ်ကြောင်းနှင့် သူသည် လွတ်မြောက်နိုင်သော်လည်း ၎င်း၏ ဖမ်းဆီးမှုသည် အချိန်တစ်ခုသာ လိုသည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယဟ်ယာအက်စ်စနဝါရ် သည် ဟားမတ်စ်အဖွဲ့၏ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ အစ္စရေး အကျဉ်းထောင်တွင် အနှစ် ၂၀ ကျော် ချုပ်နှောင်ခံ ခဲ့ရသော်လည်း အကျဉ်းသားလဲလှယ်ရေး သဘော တူညီချက်ဖြင့် ၂၀၁၁ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

အစောပိုင်းက ဇီယွန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက စစ်သားများသည် ယဟ်ယာ အက်စ်စနဝါရ် ကို နေ့ရောညပါ ရှာဖွေနေကြောင်း ပြောကြားခဲ့ ပါတယ်။

နေတန်ယာဟု၏ ပြောကြားချက်သည် ဇီယွန်ဝါဒီစစ်တပ်သည် ဂါဇာကမ်းမြှောင်ကို မြေပြင်တိုက်ခိုက်ရာတွင် ၎င်း၏ပန်းတိုင်များကို မအောင်မြင်နိုင်သည့် အခြေ အနေ မျိုးတွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

****************************************************************

END / 251