အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၇ ဒီဇင်ဘာ ၂၀၂၃

၁၂:၀၄:၂၁
1418150

အီရန် နှင့် ရုရှားကြား ဆွေးနွေးမှု၏ အဓိက ခေါင်းစဉ်မှာ ဂါဇာကမ်းမြောင်ဒေသအား ဗုံးကြဲချမှုကို ရပ်တန့်ရန် နှင့် ဝိုင်းရံထားမှုကို အဆုံးသတ်ရန် ဖြစ်ပါတယ် / အီရန် သမ္မတ

အီရန်-ရုရှား စေ့စပ်ဆွေးနွေးမှု၏ အဓိက ခေါင်းစဉ်မှာ ပါလက်စတိုင်းအရေး၊ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲချမှု ချက်ချင်းရပ်တန့်ရေး၊ ဂါဇာကမ်းမြောင်ဒေသ ပြည်သူများ၏ ဝိုင်းရံမှုအဆုံးသတ်ရေး၊ ပါလက်စတိုင်းပြည်သူများ ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ ပါလက်စတိုင်းအခွင့်အရေးများ ပြန်လည်ထူထောင်ရေး အကြောင်း ဖြစ်သည်ဟု အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ မှ မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ အာယာသွလ်လ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ တီဟီရန်မြို့ရှိ မဲဟ်ရ်အာဗါဒ် လေဆိပ်တွင် ရုရှားသမ္မတ၏ ဖိတ်ကြား ချက်အရ ရုရှားနိုင်ငံသို့ သွားရောက်ခြင်းမှာ ဒေသတွင်း အထိခိုက်မခံနိုင်ဆုံးသော ကိစ္စရပ်များကို ဆွေးနွေးရန် နှင့် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေးကို ချဲ့ထွင်၍ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် လျက်ရှိသည့် ကိစ္စများ အကြောင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤအချိန်တွင် အရေးကြီးဆုံးပြဿနာမှာ ဒေသတစ်ခုလုံးနှင့် မွတ်စလင်မ်အွန်မသ် နှင့် လွတ်လပ်မှုကို မြတ်နိုးသော ပါလက်စတိုင်းတို့ အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများမှာ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးနှင့် ဖိနှိပ်ခံထားရသော ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများဖြစ်ကြောင်း အီရန်နှင့် ရုရှား စေ့စပ်ဆွေးနွေးမှုသည် ပါလက်စတိုင်းအရေး၊ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှု ချက်ချင်းရပ်တန့်ရန် ကြိုးပမ်းမှု၊ ဂါဇာကမ်းမြောင်ဒေသ ပြည်သူများ၏ သိမ်းပိုက်မှု အဆုံးသတ်ရေး၊ ပါလက်စတိုင်းပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပါလက်စတိုင်းတို့၏ အခွင့်အရေးများ ပြန်လည်ထူထောင်ရေးတို့ ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

urasian Union ၊ BRICS နှင့် Shanghai ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အီရန် နှင့် ရုရှားတို့ကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် အရေးကြီးသောခြေလှမ်းများကို ဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အပါအဝင် အခြားနယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ အာယာသွလ်လ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှပြောကြား ခဲ့ပါတယ်။

****************************************************************

END / 251