အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၈ ဒီဇင်ဘာ ၂၀၂၃

၁၉:၀၄:၃၀
1418380

ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု အတွက် အစ္စရေးကို တာဝန်ခံဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံးထံ အီရန်မှ တောင်းဆို

ဂါဇာကမ်းမြှောင်နဲ့ အနောက်ဘက်ကမ်းမှာ ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် အစ္စရေးအစိုးရကို တာဝန်ခံဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ထံ အီရန်က တောင်းဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်းကိုယ်စားလှယ်  ဇဲဟ်ရာ ရရှာဒီ  က နယူးယောက်မြို့တွင် ၂၂ ကြိမ်မြောက် နိုင်ငံ့ပါတီများ စည်းဝေးပွဲ မတိုင်မီ မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဖိနှိပ်ချုပ်ချယ် သိမ်းပိုက်မှုကြောင့် ၇၅ နှစ်ကြာ လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရသော ပါလက်စတိုင်းနိုင်ငံသည် ပျက်စီးခြင်းသို့ ရောက်လုနီးနေပြီ ဖြစ်ပါတယ်။

နေ့စဉ်နှင့်အမျှ အပြစ်မဲ့ပြည်သူများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ သတ်ဖြတ်ခံနေရပြီး ၎င်းတို့၏ လယ်ယာမြေများ သိမ်းဆည်းခံရကာ ၎င်းတို့၏ အိမ်များ ဖျက်ဆီးခံနေရပါတယ်။

ဇဲဟ်ရာ ရရှာဒီ   မှ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးအစိုးရ၏ လက်ရှိကျူးကျော်မှုအပေါ် တရားရေးခုံရုံး၏ အာရုံစိုက် ရန် ထောက်ပြခဲ့ပါတယ်။အစ္စရေးအစိုးရ၏ လက်ရှိကျူးကျော်မှု အထဲမှာ လူပေါင်း ၁၇၂၀၀ ကျော် သေဆုံးပြီး ၄၅၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။အပျက်အစီးများအောက်တွင် လူပေါင်း ၇၀၀၀ ကျော် မြှုပ်နှံထားကြောင်း ဇဲဟ်ရာ ရရှာဒီ   ပြောခဲ့ပါတယ်။

လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ဂါဇာကမ်းမြှောင်တွင် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများတွင် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ကျူးကျော်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကဲ့သို့သော အဆိုးရွားဆုံး ရာဇ၀တ်မှုများ ပါဝင်ပါတယ်။

နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရသည် အနောက်ဘက်ကမ်းတွင် ရန်လိုမှုများ ပြင်းထန်လာသောကြောင့် အနောက် ဘက်ကမ်းတွင် ပါလက်စတိုင်း ရာနှင့်ချီ သေဆုံးခဲ့ရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်းကိုယ်စားလှယ်  ဇဲဟ်ရာ ရရှာဒီ   မှ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသည် စံနှုန်းနှစ်ရပ်နှင့် နိုင်ငံရေးရည်မှန်းချက်များကို စွန့်လွှတ် ကာ ပါလက်စတိုင်းအခြေအနေကို အခြား အခြေအ နေများကဲ့သို့ တူညီသော အာရုံစိုက်မှု တက်ကြွမှုနှင့် ဥပဒေတို့ကို ကျင့်သုံးရန် အကြံပြုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန်၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ် ဇဲဟ်ရာ ရရှာဒီ    မှ  အမေရိကန်သည်  အစ္စရေး ဇီယွန် ဝါဒီ အစိုးရ၏ အကြီးမားဆုံး အနောက် မဟာမိတ်ဖြစ်ပြီး ဂါဇာစစ်ပွဲစတင်ကတည်းက စစ်လက်နက်ပစ္စည်း တန်ချိန် ၁၀၀၀၀ ကျော် ထောက်ပံ့ပေးခဲ့သည်ဟု  ပြောကြားခဲ့ပါတယ်။

အစ္စရေးတို့၏ ရက်စက်ယုတ်မာမှုများကို ကာကွယ်ရန်အတွက် ပါလက်စတိုင်းနယ်မြေတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်သည့်အနေဖြင့်  အမေရိကန် နိုင်ငံသည် ၎င်း၏ ဗီတိုအာဏာကို အဆက် မပြတ် အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251