အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၈ ဒီဇင်ဘာ ၂၀၂၃

၁၉:၀၆:၅၉
1418382

အပြုသဘောဆောင်သည့် ကိုယ်ရည် ကိုယ်သွေး ပြောင်းလဲခြင်းသည် ဇေယာရသ် ကဘူလ် ဖြစ်ကြောင်း ၏ လက္ခဏာ ဖြစ်ပါတယ် / အာယာသွလ္လာဟ် ဘရှီး ဟိုစိုင်းန် နဂျဖီး

နဂျဖ်ဖေ အရှ်ရဖ် မြို့ ရှိ မရ်ဂျအ် အေ သက္က်လီးဒ် များ မှ တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဘရှီး ဟိုစိုင်းန် နဂျဖီး မှ ပါကစ္စတန် နိုင်ငံသား ဇေယာရသ် ပြုသူများ အား မိန့် ကြားခဲ့ သည်မှာ - အသင်တို့ ၏ ကိုယ်ရည်ကိုယ်သွေးမှာ အပြု သဘော ဆောင်တဲ့ ပြောင်းလဲမှု တစ်ခုဖြစ်ပေါ်လာ ရင် အသင်တို့ ၏ ဇေယာရသ် သည် ကဘူလ် ဖြစ်သွား ပြီးဆိုတာ သိထား ရမည် ဟု ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန်နိုင်ငံ ၏ ထင်ရှားသော သုတေသီ ဘာသာရေးပညာရှင် အလာမဟ် ဆယက်ဒ် ရှဟန်ရှားဟ် နကဝီ အနေဖြင့် မရ်ဂျအ် အေ သက္က်လီးဒ် များ မှ  တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဘရှီး ဟိုစိုင်းန် နဂျဖီး   နှင့် တွေ့ဆုံ ခဲ့ပါတယ်။

ဤတွေ့ဆုံမှုတွင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဘရှီး ဟိုစိုင်းန် နဂျဖီး   နှင့် အလာမဟ် ဆယက်ဒ် ရှဟန်ရှားဟ် နကဝီ တို့သည် နိုင်ငံတကာ ကိစ္စတွေ အပါအဝင် ပါကစ္စတန်၏ နိုင်ငံရေးနဲ့ ဘာသာရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။

ဤတွေ့ဆုံချိန်တွင် ပါကစ္စတန် နိုင်ငံသား ဇေယာရသ် ပြုသူများလည်း  ရှိနေပါတယ်။ ထိုပါကစ္စတန် ဇေယာရသ် ပြုသူများ အား အာယာသွလ္လာဟ် ဘရှီး ဟိုစိုင်းန် နဂျဖီး  မှ အသင်တို့ ၏  ကိုယ်ရည်ကိုယ်သွေးမှာ အပြု သဘော ဆောင်တဲ့ ပြောင်းလဲမှု တစ်ခုဖြစ်ပေါ်လာ ရင်  အသင်တို့ ၏ ဇေယာရသ် သည် ကဘူလ် ဖြစ်သွား ပြီးဆိုတာ သိထား ရမည် မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ် ဘရှီး ဟိုစိုင်းန် နဂျဖီး    မှ အသင်တို့ ဇေယာရသ် ပြုသူများ ကို ဇေယာရသ် ပြုပြီးနောက် လူတွေမှအသင်တို့ ၏   ကိုယ်ရည် ကိုယ်သွေးမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ရှိလာတယ်လို့ ပြောလာရင် အေမာမ် ဟိုစိုင်းန် (အ.စ) သခင် က ငါတို့ကို အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာ အောင် ပြုပေး လိုက်တယ် လို့ လူတွေကိုပြန်ဖြေကြပါ ဟု မိန့်ကြားခဲ့ပါတယ်။

ဝလီအောင်လီယဟ် အစစ်အမှန်များ ဖြစ်ကြသည့်  အဲဟ်လေ့ဘိုက်(သ) (အ.စ) များ ကို ဤကဲ့သို့ ပြောင်းလဲ ပေးနိုင်စွမ်း သတ္တိကို အလ္လာဟ် ဟို အရှင်မြတ် ကိုယ်တိုင် မှ ပေးထားသည် ဖြစ်ကြောင်း သိထားရန် လိုအပ်ပါ တယ်။

****************************************************************

END / 251