အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၀ ဒီဇင်ဘာ ၂၀၂၃

၁၁:၅၀:၀၀
1418850

နယ်ချဲ့ အစ္စရေး ဟာ လွန်ခဲ့သည့် ၇၅ နှစ် ကနေ ပါလက်စတိုင်းများ အပေါ် အလွန် ရက်စက် ဖိနှိပ်နေတာ ဖြစ်ပါတယ် / တီဟီရန်မြို့ ဂျူမ်အဟ် နမာဇ် ရှေ့ဆောင် ဆရာ

တီဟီရန်မြို့ ဂျူမ်အဟ် နမာဇ် ရှေ့ဆောင် ဆရာ ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ မှ နယ်ချဲ့ အစ္စရေး ဟာ လွန်ခဲ့သည့် ၇၅ နှစ် ကနေ ပါလက်စတိုင်းများ အပေါ် အလွန် ရက်စက် ဖိနှိပ်နေတာ ဖြစ်ကြောင်း ယနေ့ နယ်ချဲ့ အစ္စရေး ဇီယွန် များ၏ အဖြစ်မှန်ကို ကမ္ဘာက သိရှိလာခဲ့ပြီး ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ  တီဟီရန်မြို့   တီဟီရန် တက္ကသိုလ်တွင်ပြုလုပ်သည့်  ဂျူမ်အဟ် နမာဇ်  ခွသ်ဗဟ်တွင် ဂျူမ်အဟ် နမာဇ် ရှေ့ဆောင် ဆရာ ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ မှ ပါလက်စတိုင်း၏ လက်ရှိအခြေအနေကို ဆွေးနွေးတင်ပြပြီး  နယ်ချဲ့ အစ္စရေး ဟာ လွန်ခဲ့သည့် ၇၅ နှစ် ကနေ ပါလက်စတိုင်းများ အပေါ် အလွန် ရက်စက် ဖိနှိပ်နေတာ ဖြစ်ကြောင်း ယနေ့ နယ်ချဲ့  အစ္စရေး ဇီယွန်  များ၏ အဖြစ်မှန်ကို ကမ္ဘာက သိရှိလာခဲ့ပြီး ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒေသတွင်းရှိ မကောင်းဆိုးဝါး အမေရိကန်၏ မူဝါဒများ ရှုံးနိမ့်သွားကြောင်း ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ မှ မိန့် ကြားရာတွင် ခုခံရေးနှင့် တော်လှန်ရေး ရှေ့တန်းသည် အရှေ့အလယ်ပိုင်းသစ်၏ အုတ်မြစ်ချရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန်နိုင်ငံရှိ ကျောင်းသားများနေ့ အခမ်းအနားတွင် ကျောင်းသားများသည် ၎င်းတို့၏ ရပ်တည်ချက်ကို အကာအကွယ်ပေးကာ နယ်ချဲ့ဝါဒါ မကောင်းဆိုးဝါး ဝါဒ ရှိုင်တွာန် ဝါဒ ကို ဆန့်ကျင် ၍  တော်လှန်သင့်ကြောင်း  မကောင်းဆိုးဝါး ရှားဘုရင် လက်ထက် က သာသနာနှင့် သာသနာကို ထိန်းသိမ်းရန် အလွန်ခက်ခဲခဲ့ကြောင်း သို့သော် ကျောင်းသားများသည် ဤအခက်အခဲများကြားမှ ပင် (စစ်မှန်သည့်) အစ္စလမ်ဘာသာကို ဆက်လက် ပံ့ပိုးကူညီခဲ့ကြ ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ က ပါလက်စတိုင်း၏ အခြေအနေနှင့် ပတ်သက်၍ ဂါဇာတွင် အစွန်းရောက် ဇီယွန်ဝါဒီများ၏ ရာဇ၀တ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို တွေ့မြင်ရပြီးနောက် နှလုံးသားသည် သွေးမျက်ရည်များ ငိုကြွေးခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပါလက်စတိုင်းနိုင်ငံ သည် ၎င်း၏နေထိုင်သူအစစ်အမှန်များပိုင်ဖြစ်သောကြောင့် ၎င်းတို့၏ကံကြမ္မာကို ဆုံးဖြတ်ရန် အခွင့်အာဏာအပြည့်အဝပေးသင့်ကြောင်း ကမ္ဘာ့အရပ်ရပ် တွင် နယ် ချဲ့ အစ္စရေးကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ထောက်ပြခဲ့ပြီး ယနေ့ခေတ်တွင် ဥရောပနိုင်ငံများမှ လူထောင်ပေါင်းများစွာသည် အဆိုပါ နယ်ချဲ့ အစ္စေရေး အစိုးရ ကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ကြွေးကြော်နေကြသည်ဟု မိန့်ကြားခဲ့ပါတယ်။

ယီမင်စစ်တပ်သည် ဗါဗိုလ်မန်ဒဗ် ကိုသိမ်းပိုက်ထားပြီး အီရတ်ရှိ ဟရှ်ဒိုရှ်ရှအ်ဘီ သည် အမေရိကန် စစ် အခြေစိုက်စခန်းများကို ပစ်မှတ်ထားပြီး လက်ဘနွန်ရှိ ‌ဟစ်ဇ်ဘွလ္လာဟ် များ က နယ်ချဲ့ အစ္စရေး ဇီယွန် ၏ အခြေစိုက်စခန်းများကို ပစ်မှတ်ထားပြီး အဆက်မပြတ် တိုက်ခိုက်နေကြောင်း ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ  မှ မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251