အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၀ ဒီဇင်ဘာ ၂၀၂၃

၁၂:၄၄:၄၄
1418866

နေတန်ယာဟု မှ ဂျို ဘိုင်ဒန် နှင့် စကားပြောချိန် တွင် ခန်းယူနွတ်စ် ဆက်ပြီး တစ်လကြာ တိုက်ခိုက်မည်ဖြစ် ကြောာင်း ပြောကြား

ဇီယွန်ဝါဒီ သတင်းရင်းမြစ်များ၏ အဆိုအရ အစ္စရေး ဝန်ကြီးချုပ်သည် အမေရိကန် သမ္မတနှင့် စကားပြောနေစဉ် အတွင်း ဂါဇာတွင် ခန်းယူနွတ်စ် ကို နောက်ထပ် တစ်လကြာ တိုက်ခိုက်မည်ဟု ကြေညာခဲ့ ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ ဇီယွန်ဝါဒီ ၀န်ကြီးချုပ် နေတန်ယာဟုသည် ပါလက်စတိုင်းမြို့ ခန်းယူနွတ်စ် ကို နောက်ထပ်တစ်လကြာ တိုက်ခိုက်ရန် အမေရိကန် သမ္မတ ဂျို ဘိုင်ဒန် အား ကြေညာခဲ့ကြောင်း Sputnik က ဖော်ပြခဲ့ပါတယ်။

ဇီယွန် ချန်နယ် ၁၃ ၏ အဆိုအရ နေတန်ယာဟု နှင့် ဂျိုဘိုင်ဒန် တို့အကြား တယ်လီဖုန်းပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဂါဇာကမ်းမြောင်စစ်ပွဲ အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းတွင်ပင် ကုလသမဂ္ဂ၏ အစ္စရေးကိုယ်စားလှယ် ဟန်ဂဘီ က ဂါဇာကမ်းမြောင်ဒေသကို ဆန့်ကျင်သည့်စစ်ပွဲသည် လပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေဦးမည်ဟု ပြောကြားထားပါတယ်။

Al Jazeera သတင်းဌာန  ၏ အဆိုအရ ဇီယွန်ဝါဒီ ကိုယ်စားလှယ်က ဂါဇာကို စစ်ပွဲတွင် အမေရိကန်က အချိန်ကာလတစ်ခုမျှ မပေးကြောင်း ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး လက်ဘနွန်တောင်ပိုင်းမှ ဟစ်ဇ်ဘွလ္လာဟ် တပ်သားများ မဆုတ်ခွာပါက အစ္စရေးက စစ်ဆင်ရေးတစ်ရပ်ကို စတင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251