အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၁ ဒီဇင်ဘာ ၂၀၂၃

၁၈:၀၄:၁၇
1419382

ဂါဇာတွင် အစ္စရေးစစ်သား ၇ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသတွင် ယနေ့နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများအတွင်း ၎င်း၏စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း နယ်ချဲ့ အစ္စရေးစစ်တပ်က ဝန်ခံခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထားများအရ ဂါဇာကမ်းမြောင်ဒေသစစ်ပွဲအတွင်း ပြီးခဲ့သော ၂၄ နာရီအတွင်း ၎င်း၏တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ သေဆုံးကာ ဒဏ်ရာရခဲ့ကြောင်း သိမ်းပိုက်ထားသော အစ္စရေးစစ်တပ်က ဝန်ခံခဲ့ပါတယ်။ Sama သတင်းဌာန၏ ဖော်ပြချက်အရ အစ္စရေးစစ်တပ်သည် ဂါဇာစစ်ပွဲတွင် ၎င်း၏စစ်သား ၃ ဦး ကျဆုံးခဲ့ကြောင်း၊ ဂါဇာတွင် ယနေ့နံနက်မှ ညနေအထိ အစ္စရေးစစ်သား ၇ ဦး ကျဆုံးခဲ့ကြောင်း တနင်္လာနေ့ မွန်းလွဲပိုင်း တွင် ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်၌ မြေပြင်တိုက်ပွဲများတွင် ၎င်း၏ အရာရှိနှင့် စစ်သား ၅၂ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ ၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း အစ္စရေးစစ်တပ်က ၀န်ခံခဲ့ပါတယ်။

အစောပိုင်းက ဇီယွန်အစိုးရ၏ “ကဖီးရ်” တပ်မဟာမှ တပ်မှူး အရှ်ရ်ဘင်န်လူလူး က ဂါဇာတွင် စစ်ပွဲသည် အလွန်ခက်ခဲပြီး ရှုပ်ထွေးကြောင်း ပါလက်စတိုင်း မူဂျာဟီဒင်များကို မမြင်ရသော်လည်း ၎င်းတို့သည် အနီးနား တွင် ရှိနေသည်ကို သင်သိ ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251