အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၁ ဒီဇင်ဘာ ၂၀၂၃

၂၀:၂၈:၀၇
1419407

ပါလက်စတိုင်းမှာ မွတ်စလင်မ်များ ခရစ်ယာန်များ အသတ်ခံနေရတယ် / ဂရိချာ့ခ်ျဘုန်းတော်ကြီး

ဂရိချာ့ခ်ျ ဂရိချာ့ခ်ျဘုန်းတော်ကြီး အလ်ယာစ် အဝက်ဒ် သည် ဂါဇာတွင် မွတ်စလင်မ်များ ခရစ်ယာန်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရှုတ်ချပြီး တားဆီးရန် တောင်းဆိုထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းအထောက်အထားများ အရ ရာမ်မွလ္လာဟ် ရှိ Orthodox ချာ့ချ် ကျောင်း ဘုန်းတော်ကြီး အလ်ယာစ် အဝက်ဒ် မှ ပါလက်စတိုင်း ဒဏ်ရာရပြီး မွတ်စလင်မ်များ ခရစ်ယာန်များ အသတ်ခံနေရပြီး လူတွေ ဖမ်းဆီးခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂရိချာ့ခ်ျ ဘုန်းတော်ကြီး အလ်ယာစ် အဝက်ဒ် မှ ဒီရက်ပိုင်းမှာ လူတွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင် နေရပြီး အထူးသဖြင့် ဂါဇာမှာ အခြေအနေတွေ ပိုဆိုးလာတဲ့ ဒဏ်ရာရနေတဲ့ ပါလက်စတိုင်းကနေ လာတာဖြစ်ကြောင်း ရန်လိုမှုများ ချုပ်ငြိမ်းရေးတွင် ကမ္ဘာက ပါဝင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဘုန်းတော်ကြီး မှ ပါလက်စတိုင်းရှိ ခရစ်ယာန်များ သို့မဟုတ် မွတ်စလင်မ် များအားလုံး အန္တရာယ်ကျရောက်နေပြီး ကျွန်ုပ်တို့ပါလက်စတိုင်းအားလုံးသည် တစ်လိုင်းတည်းတွင် ဖိနှိပ်မှုဒဏ်ကို ခံစားနေကြရပြီး ကွတ်စ် ( ‌ဂျေရုဆလင်မြို့ ) ရှိ (ဇီယွန်) ဂျူး လှုပ်ရှား မှု ကို ရပ်တန့်ရမည်ဟု ၎င်းက ပြောကြားခဲ့ ပါတယ်။

ဂရိချာ့ခ်ျ ဂရိချာ့ခ်ျဘုန်းတော်ကြီး အလ်ယာစ် အဝက်ဒ် မှ ထပ်လောင်းပြီး ကွတ်စ် ( ‌ဂျေရုဆလင်မြို့ ) ရှိတဲ့ ပါလက်စတိုင်းက လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့အတွက် တစ်ကမ္ဘာလုံးက ကျွန်တော်တို့ကို ကူညီပေးဖို့ တောင်းဆိုကြောင်း ပြောကြား ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးတွင် အခြေအနေအရဖြစ်ပြီး ပါလက်စတိုင်းငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့၏လက်ဖြန့် တောင်းခံကြောင်း အားလုံးအတွက် ငြိမ်းချမ်းရေး လက်ဆောင်ကို ယူဆောင်လာပေးတဲ့ ငြိမ်းချမ်းရေး ကို ကမ္ဘာ ကို ရရန် လိုအပ်ကြောင်း ဂါဇာမှာ ကလေးတွေနဲ့ အမျိုးသမီးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရပ်သွားရန် လိုအပ် ကြောင်း ဂါဇာ ၏ အခြေ အနေတွေဟာ အလွန်အန္တရာယ်များ ကြောင်း ဂရိချာ့ခ်ျ ဂရိချာ့ခ်ျဘုန်းတော်ကြီး အလ်ယာစ် အဝက်ဒ် မှ ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251