အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၃ ဒီဇင်ဘာ ၂၀၂၃

၁၉:၃၁:၄၀
1420023

အိုမန်နိုင်ငံမှ မုဖ်သီ ချုပ် နှင့် ကွမ်း ဘာသာပေါင်းစုံ တက္ကသိုလ် ကျောင်းအုပ်ကြီး တို့ အထူးတွေ့ဆုံ

အိုမန်နိုင်ငံ မှ မုဖ်သီ ချုပ် ခလီလီ နှင့် ကွမ်း ဘာသာပေါင်းစုံ တက္ကသိုလ် ကျောင်းအုပ်ကြီး ဟွတ်ဂျ်ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီ ဆယက်ဒ် အဘူလ်ဟစန် နဝါးဗ် တို့ အထူးတွေ့ဆုံကြပြီး အစ္စလာမ့်ကမ္ဘာကြီး နိုးကြားလာစေရန် ပညာရှင်များသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် ကြောင်း စသည်ဖြင့် ဆွေး‌နွေး ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇဟ် သတင်းဌနာ ၏ သတင်း အထောက်အထား များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကွမ်း မြို့ ရှိ  ဘာသာပေါင်းစုံ တက္ကသိုလ် ကျောင်းအုပ်ကြီး  ဟွတ်ဂျ်ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီ  ဆယက်ဒ် အဘူလ်ဟစန် နဝါးဗ်  အိုမန်နိုင်ငံ ခရီးစဥ် တွင် အိုမန်  မုဖ်သီ ချုပ် ခလီလီ  နှင့်  တို့  အထူးတွေ့ဆုံခဲ့ စကားဆိုခဲ့ ကြပါတယ်။

ဤတွေ့ဆုံမှုတွင် ဟွတ်ဂျ်ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီ  ဆယက်ဒ် အဘူလ်ဟစန် နဝါးဗ်  က အစ္စလာမ့် ကမ္ဘာ့အခြေအနေများကို ဆွေးနွေးရာတွင် အစ္စလာမ့် ရန်သူများသည် အစ္စလာမ်၏ အွန်မသ်  အကြား ကွဲပြားမှုများကို ဖြစ်ပေါ်အောင် သွေးခွဲအုပ်ချုပ်ခြင်း မူဝါဒ ဖြင့် ကြိုးကိုင်ထားနိုင်အောင် အမြဲကြိုးစားခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဟွတ်ဂျ်ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီ  ဆယက်ဒ် အဘူလ်ဟစန် နဝါးဗ် မှ မုဖ်သီချုပ် ခါလီလီ၏ လုပ်ရပ်များကို ချီးကျူးခဲ့ပြီး အစ္စလာမ့် အိုလမာ  သည်  နိုးကြားမှုတွင် အလွန်အဖိုးတန်သော အခန်းကဏ္ဍမှ ပါဝင်ပါပြီး  ကျွန်ုပ်တို့အားလုံးသည် အစ္စလာမ့်ယဉ် ကျေးမှုသစ်ကို ရရှိရန်အတွက်  အလ္လာဟ် ဟို အရှင်မြတ် အပေါ် သက်ဝင် ယုံကြည်ခြင်း နှင့် စည်းလုံးညီညွတ်မှုကို ခိုင်ခံ့စေသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤတွေ့ဆုံ အစည်းအဝေးတွင် အိုမန်နိုင်ငံ မုဖ်သီ ချုပ် ခလီလီ မှ ကမ္ဘာပေါ်ရှိ အဖိနှိပ်ခံပြည်သူများအား ခုခံကာ ကွယ်ရန်  နှင့် ကူညီရန်မှာ န်ုကျွန်ုပ်တို့ အားလုံး၏တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မုဖ်သီချုပ်မှာ ဆက်လက်ပြီး ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်သည် အဖိနှိပ်ခံများကို ကာကွယ်စောင့်ရှောက်ရန် လူသားတိုင်း၏တာဝန် အဖြစ် မိန့်ကြား ထားပြီး အဖိနှိပ်ခံများကို ကူညီရန် ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ် ကြောင်း မိန့်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။

အိုမန် မုဖ်သီချုပ်မှ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော် ’’ إنْ تَنْصُروا اللهَ یَنْصُرُکُم وَ یُثَبّتْ أقدامَکُم ‘‘ ကိုကိုးကား ရည်ညွှန်း ပြီး ယနေ့ခေတ်တွင် အစ္စလာမ်ကမ္ဘာသည် ခက်ခဲသောအချိန်များကို ဖြတ်သန်းနေရသော်လည်း အလ္လာဟ်ဟို အရှင်မြတ် အပေါ် အီမာန်  ယုံကြည်ခြင်း စည်းလုံးညီညွတ်ခြင်း အလ္လာဟ်လမ်းတွင် လှူဒါန်း ခြင်း နှင့် ကြံံကြံ့ခံ ခုခံခြင်းတို့ဖြင့် အဆိုပါအခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ ပါတယ်။

****************************************************************

END / 251