အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၃ ဒီဇင်ဘာ ၂၀၂၃

၂၀:၀၂:၃၁
1420027

အစွန်းရောက် ဇီယွန်ဝါဒီ အခြေချနေထိုင်သူများ သည် အလ်အက်ဆွာ ဗလီ ဝတ်ကျောင်း တော် အား ထပ်မံ တိုက်ခိုက်ခဲ့ကြ

အစွန်းရောက် ဇီယွန်ဝါဒီများ အခြေချနေထိုင်သူများသည် အစ္စရေးစစ်သားများ၏ အကူအညီဖြင့် အလ်အက်ဆွာ ဗလီ ဝတ်ကျောင်းတော် ကို ထပ်မံတိုက်ခိုက်ခဲ့ကြ ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ Quds News Channel ၏ အစီရင်ခံစာအရ အစွန်းရောက် ဇီယွန် အခြေချနေထိုင်သူများသည် ယနေ့  နယ်ချဲ့ အစ္စရေးစစ်သားများ၏ အကူအညီနှင့် အလ်အက်ဆွာ  ဗလီ ဝတ်ကျောင်းတော် ကို  ထပ်မံတိုက်ခိုက်ခဲ့ကြ ကြောင်း သိရှိရပါတယ်။

ဇီယွန်ဝါဒီများသည် အလ်အက်ဆွာ  ဗလီဝတ်ကျောင်းတော်အား နယ်ချဲ့ အစ္စရေးအစိုးရ၏ စစ်တပ်၏ တင်းကျပ်သော လုံခြုံရေးအောက်တွင် ရှိနေသည့် အခြေအနေမျိုးတွင် တိုက်ခိုက်ခဲ့ပြီး ထောင်နှင့်ချီသော ပါလက်စတိုင်းများကို ဤဗလီအတွင်းသို့ ဝင်ခွင့်မပြုခဲ့ကြောင်း သိရှိ ရပါတယ်။

အလ်အက်ဆွာ ဗလီဝတ်ကျောင်း တော် ကို ဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုနှင့်အတူ နယ်ချဲ့ စစ်သားများသည် အနောက်ဘက်ကမ်းရှိ ဂျီနီးန် ဒုက္ခသည် စခန်း နှင့် ပါလက်စတိုင်းတို့အား တိုက်ခိုက်ခဲ့ ပြီး ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း မှတ်သားဖွယ်တွေ့ရှိရပါတယ်။

နယ်ချဲ့ စစ်သွေးကြွ  အစ္စရေး စစ်သားများသည် ပါလက်စတိုင်းများကို ရိုက်နှက်ပြီး လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ ဒေသခံသတင်းရင်းမြစ်များ၏အဆိုအရ ရာမ်မိုလ်လ္လာဟ် အနောက်မြောက်ဘက်ရှိ အာရိုရဟ်  ရွာတွင်ဇီယွန်ဝါဒီစစ်သားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် ပါလက်စတိုင်းလူငယ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ ကြောင်း  သိရပါတယ်။

အစွန်းရောက် စစ်သွေးကြွ စစ်သားများသည် အလ်ခလီးလ် တက္ကသိုလ်မှ ကျောင်းသူ အရီးန် အလ်ကဝါစီမီ ၏ အိမ်ကို တိုက်ခိုက်ခဲ့ပြီး သူမအား ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251