အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၃ ဒီဇင်ဘာ ၂၀၂၃

၂၀:၁၆:၂၇
1420031

အစွန်းရောက် ဇီယွန်အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစ္စရေး အကျဉ်းသား ၁၉ ဦး သေဆုံး

အစွန်းရောက် ဇီယွန်အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာရှိ အစ္စရေး အကျဉ်းသား ၁၁၉ ဦးအနက် ၁၉ ဦး သေဆုံးခဲ့ကြောင်း ၎င်း ဇီယွန်အစိုးရ ကိုယ်တိုင်က ဝန်ခံ ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ ဂါဇာကမ်းမြောင်တွင် ဇီယွန်စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုတွင် အဆိုပါ အကျဉ်းသားများ အားလုံး သေဆုံး ခဲ့ ကြောင်း သိရပါတယ်။

ဤ ကိစ္စနဲ့ ပတ်သက်လို့ ဇီယွန် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒိုင်နယ်လ် ဟိုင်ဂါရီ က ဂါဇာမှာ အစ္စရေး အကျဉ်းသား ၁၃၅ ယောက် ရှိနေတာကို အတည်ပြုခဲ့ပြီး ဟားမတ်စ်တွေ ချုပ်ကိုင်ထားသူတွေကို လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဇီယွန်စစ်တပ်က ဂါဇာကိုတိုက်တဲ့ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်ကို အစ္စရေး အကျဉ်းသားတွေ လွတ်ပေးဖို့ ကြေငြာခဲ့ပေမယ့် ၄၈ ရက်ကြာ တိုက်ခိုက် ခဲ့ ပြီးနောက်မှာတော့ ယာယီ အပစ်အခတ်ရပ်စဲရေးကို လက်ခံခဲ့ပြီး ပါလက်စတိုင်း အကျဉ်းသားအချို့ကို လဲလှယ်ဖို့ ဟားမတ်စ်နဲ့ ညှိနှိုင်းခဲ့ကြောင်း  အကျဉ်းသားများ အချင်းချင်းအလဲအလည် ပြုရာတွသ် အောင်မြင်ခဲ့ကြောင်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဇီယွန်အစိုးရဟာ ဂါဇာကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို ဇီယွန်ဝါဒီ များ၏ ပြင်းထန်သောတိုက်ခိုက်မှုများတွင် အစ္စရေးအကျဉ်းသားအများအပြားလည်း သေဆုံးခဲ့ရပါတယ်။ ဂါဇာကမ်းမြောင်ဒေသရှိ ဇီယွန်ဝါဒီအကျဉ်းသားတစ်ဦးကို လွတ်ပေးရန် ၎င်းတို့၏ အထူးစစ်ဆင်ရေးမှာ မအောင်မြင်ခဲ့ကြောင်း ဇီယွန်စစ်တပ်က ပြောကြားခဲ့ပါတယ်။

ထို့နောက်တွင် အလ်ကစာမ် တပ်မဟာ မှ လည်းဘဲ ဇီယွန်ဝါဒီစစ်တပ်၏ စစ်ဆင်ရေး မအောင်မြင်ကြောင်း ဇီယွန်ဝါဒီ စစ်သား အများအပြား သေဆုံးကာ ဇီယွန်ဝါဒီ အကျဉ်းသားများနှင့်အတူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။

****************************************************************

END / 251