အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၄ ဒီဇင်ဘာ ၂၀၂၃

၂၀:၃၁:၅၈
1420385

နယ်ချဲ့ အစ္စရေးစစ်တပ်၏ ဝန်ခံချက်အရ ၎င်း၏ စစ်သား ၄၄၅ ဦးသည် ယခုအချိန်အထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း

စစ်ဆင်ရေး စတင်ချိန်မှစ၍ ကျွန်ုပ်တို့၏ စစ်သား ၄၄၅ ဦး သေဆုံးပြီး အခြားစစ်သား ၆၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်ချဲံ့ အစ္စရေးစစ်တပ်က ဝန်ခံခဲ့ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထားများ အရ အလ် မယာဒီးန် ရုပ်သံလိုင်း၏ အစီရင်ခံစာအရ ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ဇီယွန်စစ်တပ် နှင့် ဂါဇာကမ်းမြောင်ဒေသတွင် ကြံ့ခံသည့် မိုဂျာဟစ်ဒ်များ ကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း နယ်ချဲ့  အစ္စရေးစစ်တပ်က ကြာသပတေးနေ့တွင် ဝန်ခံခဲ့ပါတယ်။

ထို့ကြောင့် နယ်ချဲ့  အစ္စရေးစစ်တပ်၏ ဝန်ခံချက်အရ အောက်တိုဘာ ၇ ရက် ၂၀၂၃ခုနှစ် တွင် စတင်ခဲ့သော အလ်အက်ဆွာ စစ်ဆင်ရေးတွင် သေဆုံးသွားသော အစ္စရေးစစ်သားအရေအတွက်မှာ ၄၄၅ ဦးအထိ ရှိလာပြီဖြစ်ပြီး ၎င်းတို့ အနက်မှာ စစ်သား ၁၂၀ ကျော် သည် ဂါဇာမြေပြင် တွင်  ဖြစ်ပွားသည့် စစ်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

တစ်ချိန်တည်းတွင်ပင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဇီယွန်ဝါဒီစစ်သား ၃၆ ဦး ဒဏ်ရာရခဲ့ ကြောင်း အစ္စရေးစစ်တပ်က ကြေညာခဲ့ပါတယ်။

ထို့ကြောင့် ဂါဇာကို သိမ်းပိုက်ထားသော အစ္စရေးစစ်တပ်က စစ်ပွဲစတင်ချိန်မှစ၍ ဒဏ်ရာရ ဇီယွန်ဝါဒီစစ်သား အရေအတွက်သည် ၆၄၈ ဦးအထိ ရှိလာပြီး ၎င်းတို့အနက် ၁၄၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ထို့ကြောင့် ဂါဇာကို သိမ်းပိုက်ထားသော အစ္စရေးစစ်တပ်က စစ်ပွဲစတင်ချိန်မှစ၍ ဒဏ်ရာရ ဇီယွန်ဝါဒီစစ်သား အရေအတွက်သည် ၆၄၈ ဦးအထိ ရှိလာပြီး ၎င်းတို့အနက် ၁၄၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေ ကြောင်း သိရှိရပါတယ်။                                                                                                                                                                                                                                                                                                                                                                                                                                          

****************************************************************

END / 251