အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၅ ဒီဇင်ဘာ ၂၀၂၃

၁၆:၀၇:၁၈
1420485

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ကိုယ်တိုင် ပါဝင် တက်ရောက်သည့် ဒုတိယ အယန်း မေ ဖွာတွေမီယဟ် (စ.အ) ၏ ပထမ ည မဂျ်လစ် ပြုလုပ်

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ကိုယ်တိုင် ပါဝင် တက်ရောက်သည့် ဒုတိယ အယန်း မေ ဖွာတွေမီယဟ် (စ.အ) ၏ ပထမ ည မဂျ်လစ် ကို တီဟီရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ် ဘာရာ တွင် ပြုလုပ် ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ  ကိုယ်တိုင် ပါဝင် တက်ရောက်သည့်  ဒုတိယ အယန်း မေ ဖွာတွေမီယဟ် (စ.အ) ၏ ပထမ ည မဂျ်လစ် ကို တီဟီရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ် ဘာရာ  တွင် ၂၀၂ခုနှစ် ၏  ဒီဇင်ဘာလ ၁၄ ရက် ည ၊ ကြာသပတေးည တွင်  ပြုလုပ် ခဲ့ပါတယ်။ ဤမဂျ်လစ် တွင် မိုအ်မင် မိုအ်မေနသ်များ လည်း တက်ရောက်ခဲ့ကြပါတယ်။

ဤမဂျ်လစ် အစီအစဥ်တွင် နိုင်ငံ တကာ က ကာရီ အာဂါ ယေ မိုဟမ္မဒ် ရေဇာ ပူးရ်ဇရ်ဂရီ မှ ကျမ်းတော်မြတ် ကုရ်အာန် အား သေလာဝသ် ပြုခဲ့ပါတယ်။ ပြီး‌နောက် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကာဇင်းမ် ဆစ်ဒ်ဒီကီး မှ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ မှ တစ်ပါး ဖြစ်သည့် အလ္လာဟ့် နှစ်မြို့ မှု အတွက် တော်လှန် ပြုရသည့် နှင့်ပတ်သက် ပြီး ဟောကြားခဲ့ပါတယ်။ ပြီးနောက် သခင်မကြီး ဖွာတွေမဟ် ဇဟ်ရာဟ်  (စ.အ) သည် ဤ အတွက် ပြည့်စုံ သည့်နမူနာ ဖြစ်ကြောင်း အလ္လာဟ့် နှစ်မြို့ မှု အတွက် တော်လှန်ရေး ၏ နယ်ပယ်အသီးသီး တွင် စံနမူနာ ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာဂါယေ မဲဟ်ဒီ စမာဝါသီ မှ ဒိုအာယေသဝစိုလ် ဖတ်ရွတ်ခဲ့ပြီး အကျော်အမော် နောင်ဟာခွါန် အာဂါယေ မဲဟ်ဒီ ရစူလ် လီ မှ သခင်မကြီး ဇဲဟ်ရာ (စ.အ) နှင့် သက်ဆိုင် သည့် မရ်စီယဟ် ကို ဖတ်ရွတ်ခဲ့ပါတယ်။

ယခုနှစ်တွင် ကူးစက်ရောဂါအချို့ ဆက်လက်ပျံ့နှံ့နေပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာရန် အလေးပေးထားသည့်အတွက် သခင်မကြီး (စ.အ) အတွက် ဝမ်းနည်းခြင်း အခမ်းအနားကို ယခင်နှစ်များကဲ့သို့ပင်  တီဟီရန် မြို့ ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ် ဘာရာ  ၌ ကျင်းပမည်ဖြစ်ပြီး  အာဇာနည် (ရှဟီးဒ်) မိသားစုများ မဂျ်လစ်တွင် ပါဝင် နိုင်မည် ဖြစ်သောလည်း အဇါဒါများ အားလုံး သည် ပါဝင် တက်ရောက်  နိုင် ကြ မည် မဟုတ် ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251