အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၅ ဒီဇင်ဘာ ၂၀၂၃

၁၈:၁၇:၂၁
1420493

ဖွာတွေမီ (စ.အ)ကျောင်းတော် အား ဖော်ထုတ်ခြင်းသည် အစ္စလာမ့်အသိုက်အဝန်း၏ ဦးစားပေး လုပ်ငန်း တစ်ခုဖြစ်ပါတယ် / အာယာသွလ္လာဟ် ရမ်တွာန် နီ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ကျောင်းတော် သည် ကျွန်ုပ်တို့ ဘဝ နှင့် စစ်မှန်သည့် လွတ်လပ်မှု နှင့်ပတ်သက်ပြီး မိတ်ဆက်ပေးကြောင်း ဖွာတွေမီ (စ.အ)ကျောင်းတော် အား ဖော်ထုတ်ခြင်းသည် အစ္စလာမ့်အသိုက်အဝန်း၏ ဦးစားပေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ   သည် ဒီဇင်ဘာလ ၁၄ရက် ည ကြာသပတေးည တွင် ရရှ်သ် မြို့ရှိ မတ်စ်ဂျစ်ဒ်‌ ဒေ ဖွာတွေမဟ် (စ.အ) တွင် တရား ဟောကြားစဥ် အယန်းမေ ဖွာတွေမဟ် (စ.အ) ၏ မဂျ်လစ်များ ဘက်သို့ ညွှန်းပြ၍ သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ အယန်းမေ ရှဟာဒသ် တွင် မဂျ်လစ်များ အဇါဒါရီ များ ကျင်းပရန် တိုက်တွန်း မိန့်ကြခဲ့ ပါတယ်။

ဆက်လက်ပြီး အမျိုးသမီးများ၏ အိမ်သန့်ရှင်းရေးသည် ကြီးမားသောတာဝန်တစ်ခု ဖြစ်ကြောင်း အိမ်တွင်း ပတ်ဝန်းကျင်တွင် လူ့အဖွဲ့အစည်း၏ မှန်ကန်သော ပညာရေးကို တာဝန်ယူရန်မှာ အမျိုးသမီးများတွင် တည်ရှိ ကြောင်း မိန့်ကြားခဲ့ပါတယ်။

ယနေ့ခေတ်တွင် အချို့သော မိသားစုများတွင်  (ပညာနှင့်ပစ္စည်းဥစ္စာ ) အရင်းအမြစ်များ အများအပြား ရှိ နေသော်လည်း ကလေးများကို မသင့်လျော်သော ပြုစုပျိုးထောင်မှု ပြုနေ သည် ကို တွေ့မြင်နေရကြောင်း အလေး ပေးပြောကြား ရင်း ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) သခင်မကြီးသည် မိမိ ၏ ကလေးများကို အနည်းဆုံး ပစ္စည်း အရင်းအမြစ်များ ဖြင့် အကောင်းဆုံးနည်းဖြင့် ပြုစုပျိုးထောင်ပေးခဲ့ကြောင်း အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ  မှ  ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ  မှ မွတ်စလင်လူ့အဖွဲ့အစည်း၏ သွေဖည်မှုနှင့် အဓိပ္ပာယ်မဲ့ စားသုံးမှုဝါဒကို ထောက်ပြရင်း အစ္စလာမ့်အစိုးရများသည် လူငယ်များအတွက် ခေါင်မိုးတစ်ခုအောက်တွင် နေထိုင်ရန် ပလက်ဖောင်းတစ်ခု ပေးသင့်ကြောင်း  အိမ်ထောင်ပြုရန် အသက်များ ကြီးလာ ခြင်း သည် လူ့အဖွဲ့အစည်းအတွင်း အကျင့်ပျက်ခြစားမှုနှင့် လစ်လျူရှုမှုတို့ကို ပိုမိုဖြစ်ပေါ်စေပြီး အစိုးရသည် လူငယ်အိမ်ထောင်ရေးနယ်ပယ်တွင် ပိုမိုကောင်းမွန်သော လုပ်ဆောင်မှုများကို လုပ်ဆောင်သင့် မိန့်ကြားခဲ့ပါတယ်။

ကုရ်အာန်ကျမ်းမြတ်ကုရ်အာန်တွင် စူရဟ်ကောင်စဲရ် ၊ စူရဟ်နေစာ စသည်ဖြင့်  တွင် အမျိုးသမီးများနှင့် ပတ်သက်သည့် အာယသ်တော်ပေါင်း ၃၀၀ ရှိကြောင်း ဟာဇရတ် ဇဲဟ်ရာ (စ.အ) သည် စစ်ပွဲအမျိုးမျိုးတွင် မိမိ ၏ ဖခင် (ဆွ)  အတွက် သူနာပြုဆရာမ အဖြစ် ရပ်တည် ပြီး ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးခဲ့ကြောင်း ထို့ကြောင့် အစ္စလမ်ဘာသာတွင် အမျိုးသမီးများ၏ အဆင့်အတန်းမြင့်မားမှုကို များစွာဖော်ပြထားပြီး ဘာသာရေးတွင်  အမျိုးသမီးများ၏ အခွင့်အရေးကို အကောင်းဆုံးနှင့် အပြင်းထန်ဆုံးကာကွယ်ပေးထားကြောင်း အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ  မှ မိန့်ကြားခဲ့ပါတယ်။

အစ္စလာမ်သာသနာကို ချဲ့ကားခြင်းမရှိဘဲ တင်ပြသင့်သည်၊ ဆိုလိုသည်မှာ ပျော့ပျောင်းမှု၊ ကျိုးကြောင်းဆီလျော်မှု၊ အသိပညာနှင့် နာမ်ပိုင်းဆိုင်ရာ ရှုထောင့်များကိုလည်း တင်ပြသင့်သည်ဟု အာယာသွလ္လာဟ် မှ  အလေးအနက် ပြောကြားခဲ့ပါတယ်။

လူသားမျိုးနွယ်၏ အနာဂတ်သည် အစ္စလာမ်ဘာသာကို ကျယ်ကျယ်ပြန့်ပြန့်နှင့် သဘောထားပျော့ပျောင်းသော နိုင်ငံတကာအသိုက်အဝန်းသို့ မိတ်ဆက်ပေးနိုင်သူများ၏ လက်ထဲတွင် ရှိနေမည်ဖြစ်ကြောင်းထက်၍ ပြောကြားခဲ့ ပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ သမိုင်းတစ်လျှောက် အမျိုးသမီးများအပေါ် အနောက်တိုင်းအမြင်ကို ထောက်ပြခဲ့ပြီး လွန်ခဲ့သောရာစုနှစ်များအထိ အနောက်နိုင်ငံများတွင် အမျိုးသမီးများအပေါ် ရာဇ၀တ်မှုများစွာ ကျူးလွန် ခဲ့ကြောင်းနှင့် ယနေ့ကမ္ဘာပေါ်ရှိ အမျိုးသမီးဝါဒ၏ လက်ရှိခေတ်သည် အမျိုးသမီးများအပေါ် ကွဲပြားစွာ ဆက်ဆံသည်ဟု ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ကျောင်းတော် သည် ဘဝ နှင့် လွတ်လပ်မှု၏ အဖြစ်မှန်ကို သိနိုင်စေကာမူ လွတ်လပ်ခြင်းဟူသည် တပ်မက်ခြင်းနှင့် ချည်နှောင်ခြင်းမပြုဘဲ အမှန်တရားကို ကိုးကွယ်ရုံသာဖြစ်ကြောင်း ယနေ့ခေတ်တွင် အမျိုးသမီးများသည် ၎င်းတို့၏အခွင့်အရေးများကို ရသင့်ပြီး အစ္စလာမ်၏အမြင်တွင် အမျိုးသမီးများသည် အသုံးမဝင်သော အစိတ်အပိုင်းများမဟုတ်ဘဲ လမ်းညွှန်ဆရာများသာဖြစ်ကြောင်း အစ္စလမ်၏အမြင်တွင် အသက်တာသည် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုးတက်မှု အရေးကြီး ကြောင်း အနောက်နိုင်ငံများတွင် လွတ်လပ်မှုသည် အောက်တန်းကျသော ကျင့်ဝတ်ဆိုင်ရာ လစ်ဘရယ်ဝါဒနှင့် ဆက်နွယ်နေပြီး အစ္စလာမ်သည် ဤလွတ်လပ်မှုကို ဆန့်ကျင် ကြောင်း ဤလွတ်လပ်မှုအစား အလ္လာဟ် ဟိုအရှင်မြတ် ၏ ကျွန်အဖြစ်သို့ ယူဆောင်လာပေးသည့် လွတ်လပ်မှုကို  အစ္စလာမ်မှ ထောက်ခံ ကြောင်း အမှန်မှာ ယင်းသည် အစ္စလာမ်၏ တောင်းဆိုမှုဖြစ်ပြီး အလ္လာဟ် ဟို အရှင်မြတ် မှ လွဲ၍ အခြားမည်သူ၏ ကျွန်ခံခြင်းမှ လွတ်မြောက်စေခြင်းလည်း ဖြစ် ကြောင်း မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ  မှ မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251