အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၆ ဒီဇင်ဘာ ၂၀၂၃

၁၉:၅၅:၀၉
1420846

အီရန်စစ်သားများသည် အကြမ်းဖက်သမားများကို အေးဆေးနေ ထိုင်ခွင့်ပြုမည်မဟုတ် / အီရန်ပြည်ထဲ ရေး ဝန်ကြီး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပြည်ထဲရေးဝန်ကြီး က အီရန်နယ်စပ်လုံခြုံရေးတာဝန်ရှိသူများက အကြမ်းဖက်သမားများကို အေးဆေး စွာ နေထိုင်ခွင့်ပြုမည် မဟုတ်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး အဲဟ်မဒ် ဝဟီးဒ် ဒီ မှ  ရာစ်က် မြို့ရှိ အာဇာနည်များ၏ နောက်ဆုံး အခမ်းအနား အခမ်းအနားတွင် အကြမ်းဖက် သမားများ နှင့် ရန်သူများ အနေဖြင့်  အတွေ့အကြုံ ရှိသူများကို  စမ်းသပ်ခြင်းသည် ကြီးမားသောအမှားဖြစ် ကြောင်း သိထားသင့် သည်ဟု ပြောကြားခဲ့ပါတယ်။

ပြီးနောက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တော်လှန်ရေးသည် နိုင်ငံကို ကာကွယ်ရေးတွင် အာဇာနည် အများအပြား မွေးထုတ်ပေးခဲ့ပြီး တော်လှန်ရေး ရည်မှန်းချက်များ တိုးတက်မှုအတွက် လမ်းခင်းပေးခဲ့ ကြောင်း မိမိ တို့၏ စစ်သားများသည် အကြမ်းဖက်သမားများကို အေးဆေးစွာ မည်သည့်အခါမျှ ထိုင်ခွင့်ပြုမည် မဟုတ် ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ရန်သူများသည် အီရန်ရှိ ရှီအပ် နှင့် စွန်နီများကြား ကွဲပြားမှုများကို (အခြေပြု၍ ပြဿနာ ဖြစ်အောင်) ဖန်တီးရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့သော်လည်း ဂိုဏ်းပေါင်းစုံ နှင့် ဘာသာတရားမျိုးစုံ ၏ နောက်လိုက်များ ပါဝင်သည့် အီရန် လူမျိုးများသည် လုံးဝ စည်းလုံးကြသောကြောင့် ရန်သူများ၏ ကြံစည်မှု မအောင်မြင်နိုင်ကြောင်း အဲဟ်မဒ် ဝဟီးဒ် ဒီ   မှ ပြောကြားခဲ့ပါတယ်။

ရာစ်က် ရှိ အာဇာနည်များ ၏ နောက်ဆုံး အခမ်းအနား တွင် အီရန် ထိပ်တန်း အရပ်ဘက် နှင့် စစ်ဘက် အရာရှိ များနှင့် လုံခြုံရေး ဝန်ထမ်းများ နှင့် လူ အများအပြား ပါဝင် ခဲ့ကြောင်း မှတ်သား စရာ ဖြစ် ပါတယ်။

****************************************************************

END / 251