အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၆ ဒီဇင်ဘာ ၂၀၂၃

၂၂:၁၇:၃၁
1420864

အီရန်၊ တရုတ်နှင့် ဆော်ဒီအာရေးဗီးယားတို့က ဂါဇာတွင် အစ္စရေးရာဇ၀တ်မှုများကို အဆုံးသတ်ရန် တောင်းဆို ထား

အီရန်အစ္စလာမမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တရုတ်နှင့် ဆော်ဒီအာရေးဗီးယားတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်နှင့် ပါလက်စတိုင်းတို့အား ရေရှည်တည်တံ့သော ကယ်ဆယ်ရေးများ ပံ့ပိုးပေးရန် ချက်ခြင်းလုပ်ဆောင်ရန် ပူးတွဲတောင်းဆိုထားကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ထန်လီ သည် အီရန် နိုင်ငံ ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလီဘာကဲရ် ကနီ နှင့် ဆော်ဒီဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝလီးဒ် ဘင်န် အဗ်ဒိုကရီးမ် အလ်ခိုင်ရီဂျီ တို့နှင့်အတူ ဘေဂျင်း မြို့ တွင် သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။

ပါလက်စတိုင်း၏ အနာဂတ်အစီအစဉ်သည် လွတ်လပ်သောနိုင်ငံထူထောင်ရန် ပြည်သူများ၏အခွင့်အရေးအပေါ် အခြေခံရမည်ဟု အလေးပေး၍ ပါလက်စတိုင်းအား အတင်းအကျပ် နှင်ထုတ်ခြင်းအား အဆင့်မြင့် ကိုယ်စားလှယ် သုံးဦးက ကန့်ကွက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုမှာ ထိပ်တန်းသံတမန်သုံးဦးဟာ ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံကြား ဆက်ဆံရေးတိုးတက်မှုကို ဆွေးနွေးခဲ့ကြပြီး ရီယာ့ဒ် နဲ့ တီဟီရန်  မှာရှိတဲ့ သက်ဆိုင်ရာသံရုံးတွေကို ပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အီရန်နှင့် ဆော်ဒီ ဝန်ကြီးများသည် တီဟီရန်နှင့် ရီယာ့ဒ်ကြား ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အာနိသင် ရှိ သည့် အခန်းကဏ္ဍကို ချီးကျူးခဲ့ကြပြီး ဘေဂျင်းသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ၎င်းတို့၏ ကတိကဝတ် အပြည့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ကြပါတယ်။

****************************************************************

END / 251